“စပါးကြွယ်တောင်ငူဓါတ်အားခွဲရုံစီမံကိန်း ရာခိုင်နှုန်း ၈၀ ကျော်ပြီးစီးနေပြီဖြစ်”

02 Dec

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ စပါးကြွယ်ကျေးရွာအနီးမှာ တည်ဆောက်လျက်ရှိတဲ့ ၅၀၀ ကေဗွီ စပါးကြွယ်တောင်ငူဓါတ်အားခွဲရုံစီမံကိန်းရဲ့ တည်ဆောက်မှုူဟာ ၈၁ ဒသမ ၀၇ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီနေပြီ ဖြစ်ကြောင်း သိရပါတယ်။ စီမံကိန်းတစ်ခုလုံးရာနှုန်းပြည့်ပြီးစီးနိုင်ရေး ကြိုပမ်းဆောင်ရွက်နေကြောင်းနှင့် အဆိုပါစီမံကိန်းတည်ဆောက် နေတဲ့ အခြေအနေများကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ဦးဉာဏ်ထွန်း က သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါတယ်။ လျှပ်စစ်ဓါတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်ပြီး မန္တလေးငလျင်ကြီးကြောင့် ထိခိုက်သွားတဲ့ Shunt Reactor Bushing ပျက်ဆီးသွားမှုကို အမြန်ဆုံးစစ်ဆေးပြင်ဆင် ဆောင်ရွက်သွားရန်လိုကြောင်းနှင့် သတ်မှတ်ကာလအတွင်း ပြီးပြတ်စေရေး ကြပ်မတ်ဆောင်ရွက်သွားရန် ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းပြောကြားခဲ့ပါတယ်။ အဆိုပါစပါးကြွယ်(တောင်ငူ)-ဘုရားကြီးဓာတ်အားလိုင်းဟာ ၁၀၈ ဒဿမ ၃၄ မိုင်ရှည်လျားပြီး တာဝါ တိုင်ပေါင်း ၃၆၉ တိုင်နဲ့ လုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရပါတယ်။ (NVS 004)

02 Dec

ADVERTISE HERE .