“ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းဦးဆောင်အဖွဲ့ ဖွဲ့စည်း”

02 Dec

ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းအတွက် သုတေသနလုပ်ငန်းများ၊ နည်းပညာဆိုင်ရာ ဖြေရှင်းချက်များနှင့် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းများ စီမံဆောင်ရွက်နိုင်ရန် ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအား လျှပ်စစ်စီမံကိန်းဦးဆောင်အဖွဲ့ကို ဖွဲ့စည်းထားကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံးမှ ထုတ်ပြန်ချက်အရ သိရတယ်။ ဦးဆောင်အဖွဲ့ဖွဲ့စည်းခြင်းကို ပြီးခဲ့တဲ့နိုဝင်ဘာလ ၇ ရက်က မြန်မာနိုင်ငံပြန်တမ်းအတွဲ(၇၈)၊ အမှတ် (၄၅)မှာ ထုတ်ပြန်ထားပါတယ်။ အဆိုပါပြန်တမ်းတွင် ယခုအဖွဲ့ကို ဩဂုတ်လ ၂၉ ရက်စွဲနဲ့ ဖွဲ့စည်းထားကြောင်းပါရှိပြီး အဆိုပါဦးဆောင်အဖွဲ့မှာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီးက ခေါင်းဆောင်အဖြစ် တာဝန်ယူကာ ကချင်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီးဌာနဝန်ကြီးက ဒုတိယခေါင်းဆောင်အဖြစ် ပါဝင်ဖွဲ့စည်းထား ပါတယ်။ အဖွဲ့ဝင်များအဖြစ် ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်၊ လျှပ်စစ်စွမ်းအားစီမံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးဌာနဒုတိယ အမြဲတမ်း အတွင်းဝန်၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန်၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့ ပါဝင်ကြောင်းလည်း သိရပါတယ်။ ဧရာဝတီမြစ်ဆုံ - မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်း ဦးဆောင်အဖွဲ့၏ လုပ်ငန်းတာဝန်များမှာ SPIC Yunnan International Power Investment Co.,Ltd (SPICYN) ၏ ဦးဆောင်အဖွဲ့နှင့်အတူ ပူးပေါင်း၍ ဧရာဝတီမြစ်ဆုံ–မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းအတွက် သုတေသနလုပ်ငန်းများ၊ နည်းပညာဆိုင်ရာ ဖြေရှင်းချက်များနှင့် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းများ၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းများကို စီမံဆောင်ရွက်ရန် စတဲ့အချက်များပါရှိပါတယ်။ ဒါ့အအပြင် SPICYN ၏ ဦးဆောင်အဖွဲ့နှင့်အတူပူးပေါင်း၍ ဧရာဝတီမြစ်ဆုံမြစ်ညာ မြစ်ဝှမ်းရေအား လျှပ်စစ်စီမံကိန်း၏ အဓိကကိစ္စရပ်များအပေါ် နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့၊ ပြည်သူ့ဆက်ဆံရေးလုပ်ငန်းအဖွဲ့နှင့် စီးပွားရေးနှင့် ဘဏ္ဍာရေး ဆိုင်ရာလုပ်ငန်းအဖွဲ့တို့အား လမ်းညွှန်မှုပေးခြင်းနှင့် ဆုံးဖြတ်ချက်ချမှတ်ခြင်းကို ဆောင်ရွက်ရန်၊ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသို့ တင်ပြဆောင်ရွက်ရန်လည်း ပြန်တမ်းမှာ ဖော်ပြထားပါတယ်။ ထို့အတူ နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့၊ ပြည်သူ့ဆက်ဆံရေးလုပ်ငန်းအဖွဲ့၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းနိုင်ရေးဆောင်ရွက်ရန်၊ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအစိုးရများအကြား စီမံကိန်းကိစ္စများ ညှိနှိုင်းဆောင်ရွက်နိုင်ရေးအတွက် အထောက်အကူပြုနိုင်ရေး ဆောင်ရွက်ရန်တို့လည်း ပါရှိပါတယ်။ (NVS 004)

02 Dec

ADVERTISE HERE .