“ဒိုင်တွေရဲ့ဆုံးဖြတ်ချက်က တစ်သမတ်တည်းမရှိဘူးလို့ဆိုတဲ့ ချဲလ်ဆီးနည်းပြ မာရက်စကာ”
01 Dec
ချဲလ်ဆီးအသင်းနည်းပြ မာရက်စကာ က အာဆင်နယ်အသင်းနဲ့ပွဲမှာ ကိုင်စီဒို ရဲ့ အနီကတ်ပြခံရတာ ထိုက်တန်ပေမယ့် ဒိုင်တွေရဲ့ဆုံးဖြတ်ချက်က တစ်သမတ်တည်းမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ အာဆင်နယ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ လန်ဒန်ဒါဘီပွဲစဉ်မှာ တစ်ဖက်တစ်ဂိုးစီနဲ့ သရေရလဒ်ဖြစ်ပေါ်ခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာ ချဲလ်ဆီးကွင်းလယ်ခံစစ်ကစားသမား ကိုင်စီဒို ဟာ ပွဲချိန် ၃၈ မိနစ်မှာ အာဆင်နယ်တိုက်စစ်ကစားသမား မယ်ရီနို ကို ကြမ်းတမ်းစွာ ဖျက်ထုတ်ခဲ့တာကြောင့် တိုက်ရိုက် အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။ အဆိုပါအနီကတ်ပြစ်ဒဏ်ကို ပြင်းထန်လွန်းတယ်လို့ ယူဆသူတချို့ရှိခဲ့ပေမယ့် မာရက်စကာ ကတော့ ပြသင့်တယ်လို့ လက်ခံခဲ့ပါတယ်။ ဒါပေမယ့် ချာလိုဘာ ကို တံတောင်နဲ့တွက်ခဲ့တဲ့ ဟင်ကာပီ ထုတ်ပယ်မခံခဲ့ရတာနဲ့ စပါးအသင်းနဲ့ပွဲစဉ်မှာ ရီးစ်ဂျိမ်းစ် ကို ဖျက်ထုတ်ခဲ့တဲ့ ဘန်တန်ကာ က အဝါကတ်သာ ပြသခံခဲ့ရခြင်းတွေအတွက် မေးခွန်းထုတ်ခဲ့တာ ဖြစ်ပါတယ်။ (NVS 008)