“လီဗာပူးလ်အသင်းအတွက် ပထမဆုံးသွင်းယူနိုင်ခဲ့ပြီဖြစ်တဲ့ အီဆက်ခ်”
01 Dec
လီဗာပူးလ်အသင်းရဲ့ အီဆက်ခ် က ပရီးမီးယားလိဂ်မှာ အသင်းအတွက် ပထမဆုံးဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ပခုံးပေါ်က ဖိအားကို ဖယ်ရှားနိုင်ခဲ့ပြီလို့ ပြောကြားခဲ့ပါတယ်။ အီဆက်ခ် ဟာ ပြီးခဲ့တဲ့နွေရာသီမှာ နယူးကာဆယ်အသင်းကနေ လီဗာပူးလ်အသင်းကို စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၁၂၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ခြေစွမ်းပြနိုင်ခြင်းမရှိတာကြောင့် ဝေဖန်ပြစ်တင်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရသူဖြစ်ပါတယ်။ အီဆက်ခ် ဟာ ဆောက်သမ်တန်အသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ လိဂ်ဖလားပွဲမှာ လီဗာပူးလ် ကစားသမားဘဝ ပထမဆုံးဂိုးသွင်းယူနိုင်ခဲ့ပြီးဖြစ်ပြီး ပရီးမီးယားလိဂ်ဂိုးကိုတော့ အခုတစ်ပတ်ဝက်စ်ဟမ်းအသင်းနဲ့ ပွဲစဉ်မှာမှ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ (NVS 008)
01 Dec