“၃ ပွဲဆက်သရေကျခဲ့ပေမယ့် စိတ်မပူဘူးလို့ဆိုတဲ့ အလွန်ဆို”

01 Dec

ရီးရဲလ်အသင်းရဲ့နည်းပြ ရှာဘီအလွန်ဆို က လာလီဂါမှာ ၃ ပွဲဆက်သရေရလဒ်နဲ့ ရင်ဆိုင်ခဲ့ရပေမယ့် အသင်းရဲ့ အခြေအနေအပေါ် စိတ်မပူကြောင်းနဲ့ ရာသီအရှည်ကြီး ကျန်နေသေးတယ်လို့ ပြောကြားခဲ့ပါတယ်။ ရီးရဲလ်အသင်းဟာ ဂျီရိုနာအသင်းနဲ့ပွဲစဉ်မှာ တစ်ဖက်ဂိုးစီနဲ့ သရေရလဒ် ဖြစ်ပေါ်ခဲ့တာကြောင့် လာလီဂါမှာ သုံးပွဲဆက်အမှတ်လျော့ခဲ့ရတာဖြစ်ပါတယ်။ ဒါကြောင့် အခုတစ်ပတ် လာလီဂါပွဲစဉ် (၁၄) အပြီးမှာ ဒုတိယနေရာ ဆင်းပေးခဲ့ရပြီး ဘာစီလိုနာအသင်းက ထိပ်ဆုံးနေရာကို လွှဲပြောင်းရယူသွားခဲ့ပါတယ်။ ရီးရဲလ်အသင်းဟာ ရာသီ အစ လာလီဂါ ၁၁ ပွဲမှာ ၁၀ ပွဲအထိ အနိုင်ရခဲ့ပေမယ့် နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့တဲ့ ၃ ပွဲမှာတော့ သရေရလဒ်များ ရရှိခဲ့တာကြောင့် ဝေဖန်မှုတွေရှိလာခဲ့ပေမယ့် အလွန်ဆို က ပြဿနာမရှိကြောင်း တုံ့ပြန်ခဲ့ပြောကြားခဲ့ပါတယ်။ (NVS 008)

01 Dec

ADVERTISE HERE .