“အဲဗာတန်အသင်း ကစားသမား ဂူယီ ရဲ့ အနီကတ်အယူခံကို FA မှ ပယ်ချ”

01 Dec

မန်ယူအသင်းနဲ့ပွဲမှာ ပြသခံရတဲ့ ကစားသမား ဂူယီ ရဲ့ အနီကတ်အတွက် အဲဗာတန်အသင်း အယူခံကို FA က ပယ်ချလိုက်ပါတယ်။ ပြီးခဲ့တဲ့ကြားရက်က ကစားခဲ့တဲ့ မန်ယူအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အဲဗာတန်ကစားသမား ဂူယီ ဟာ အသင်းဖော် မိုက်ကယ်ကိန်း နဲ့ အချင်းများခဲ့ပြီးနောက် ကိန်း ရဲ့ မျက်နှာကို လက်နဲ့ ရိုက်ခဲ့တာကြောင့် ကွင်းလယ်ဒိုင်က အနီကတ်ပြသခဲ့ပါတယ်။ ဒါကြောင့် ဂူယီ ဟာ အခုအနီကတ် ပြစ်ဒဏ်ကြောင့် ၃ ပွဲပယ်ကျခံရမှာဖြစ်လို့ အဲဗာတန်အသင်းဘက်က အယူခံဝင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အက်ဖ်အေ က အယူခံကို ပယ်ချလိုက်ကြောင်းသာ အကြောင်းပြန်ခဲ့ပြီး ဘာ့ကြောင့်ပယ်ချလိုက်တယ်ဆိုတာတော့ မသိရဘူးလို့ အဲဗာတန်နည်းပြ မိုရက်စ် က ပြောကြားခဲ့ပါတယ်။ (NVS 008)

01 Dec

ADVERTISE HERE .