“ဆီးရီးယားကို သရေကစားပြီး အာရှဖလား ခြေစစ်ပွဲအောင်မြင်ခဲ့တဲ့ မြန်မာယူ- ၁၇ အသင်း”
01 Dec
၂၀၂၆ အာရှယူ-၁၇ ပြိုင်ပွဲခြေစစ်ပွဲအောင်မြင်ရေး အဆုံးအဖြတ်ပွဲတစ်ခုဖြစ်ခဲ့တဲ့ မြန်မာအသင်းနှင့် ဆီးရီးယားအသင်းတို့ပွဲစဉ်မှာ တစ်ဖက် နှစ်ဂိုးစီနဲ့ သရေရလဒ်ဖြစ်ပေါ်ခဲ့တာကြောင့် မြန်မာယူ-၁၇ အသင်းက ခြေစစ်ပွဲအောင်မြင်ခဲ့ပါတယ်။ ပွဲစဉ်ကို နိုဝင်ဘာလ ၃၀ ရက် ညနေ လေးနာရီမှာ ယှဉ်ပြိုင်ကစားခဲ့ကြခြင်းဖြစ်ကာ ပရိတ်သတ်များလည်း ကွင်းလုံးပြည့်လျှံ လာရောက်အားပေးခဲ့ကြပါတယ်။ မြန်မာအသင်းက ဆီးရီးယားအသင်းကို ဦးဆောင်ဂိုးများ သွင်းယူနိုင်ခဲ့ပေမယ့် ချေပဂိုးများပြန်လည်ပေးရခဲ့ပြီး သရေကျခဲ့ပေမယ့် ၂၀၂၆ အာရှယူ-၁၇ ခြေစစ်ပွဲအောင်မြင်ခဲ့ပြီ ဖြစ်ပါတယ်။ (NVS 008)
01 Dec