“သဘာဝဘေးဖြစ်ပွားမှုကြောင့် အရှေ့တောင်အာရှနိုင်ငံတွင် သေဆုံးမှု ၆၀၀ ကျော်နှင့်ဘေးသင့်သူ လေးသန်း ကျော်ရှိ”
01 Decအရှေ့တောင်အာရှနိုင်ငံများဖြစ်သည့် အင်ဒိုနီးရှား၊ မလေးရှားနှင့်ထိုင်းနိုင်ငံတို့တွင် ပြင်းထန်သောသဘာဝ ဘေးများဖြစ်သည့် ရေကြီးမှုများနှင့်မြေပြိုမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ခြင်းကြောင့် သေဆုံးသူဦးရေသည် ၆၀၀ ကျော်အထိ မြင့်တက်လာသည်ဟု နိုဝင်ဘာလ ၃၀ ရက်တွင် တာဝန်ရှိသူများက အတည်ပြုပြောထားသည်။ မလက္ကာရေလက်ကြားတစ်လျှောက်၌ ဖြစ်ပေါ်သောရှားပါးသည့် အပူပိုင်းမုန်တိုင်း၏ရိုက်ခတ်မှုကြောင့် ယင်းနိုင်ငံ များသည် သီတင်းပတ်တစ်ပတ်ကြာ ပြင်းထန်သည့် မိုးသည်းထန်ခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများကို ကြုံတွေ့ ခဲ့ရခြင်း ဖြစ်သည်။ ယင်းသဘာဝဘေးများကြောင့်သေဆုံးသူဦးရေသည် အင်ဒိုနီးရှားနိုင်ငံ၌အများဆုံးဖြစ်ပြီး ၄၃၅ ဦး ရှိသည်။ ထိုင်းနိုင်ငံ၌ ၁၇၀ ဦးနှင့်မလေးရှားနိုင်ငံ၌ သုံးဦးသေဆုံးကြောင်း တရားဝင်ထုတ်ပြန်ထားသည့် စာရင်း များတွင် ဖော်ပြထားသည်။ ယင်းမုန်တိုင်းကြောင့် စုစုပေါင်း လူဦးရေလေးသန်းကျော်သည် သဘာဝဘေးဒဏ်သင့်ပြီး အဆိုပါဘေးသင့် သူများမှာ ထိုင်းနိုင်ငံတောင်ပိုင်းတွင် သုံးသန်းခန့်နှင့်အင်ဒိုနီးရှားနိုင်ငံအနောက်ပိုင်းမှ ၁ ဒသမ ၁ သန်းခန့် ပါဝင်နေ ကြောင်း သိရသည်။ ရေလွှမ်းမိုးမှုများကျဆင်းလာပြီဖြစ်သောကြောင့် ရေဘေးသင့်ဒေသများသို့ ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးအဖွဲ့များသွားရောက်ရန် ကြိုးပမ်းနေကြောင်းနှင့် သေဆုံးသူဦးရေမှာ ပိုမိုများပြားလာနိုင်ဖွယ်ရှိ ကြောင်း သတင်းဌာနများကသုံးသပ်ထားသည်ဟု ST သတင်းဌာနဖော်ပြချက်အရသိရသည်။