“ဂျပန်၏ကာကွယ်ရေးအသုံးစရိတ်မြှင့်တင်ရန် ကြိုးပမ်းမှုကြောင့် စိုးရိမ်မှုများဖြစ်ပေါ်စေ”

01 Dec

ဂျပန်နိုင်ငံက ကာကွယ်ရေးအသုံးစရိတ်ကို အရှိန်အဟုန်ဖြင့်မြှင့်တင်ရန် ကြိုးပမ်းနေခြင်းသည် ဒေသတွင်း နှင့် နိုင်ငံတကာ၌ စိုးရိမ်ပူပန်မှုများဖြစ်ပေါ်စေကြောင်း သိရသည်။ ဝန်ကြီးချုပ်ဆာနာအီတာကာအီချီက ၂၀၂၅ ဘဏ္ဍာနှစ်တွင် ကာကွယ်ရေးအသုံးစရိတ်ကို GDP ၏ ၂ ရာခိုင်နှုန်းအထိ တိုးမြှင့်ရန်ရည်မှန်းထားပြီး သတ်မှတ်ရက် ထက်စော၍ ဆောင်ရွက်ရန် ရည်ရွယ်ထားသည်။ ထို့ကြောင့် ကာကွယ်ရေးအသုံးစရိတ်သည် ယန်း ၁၁ ထရီလီယံ နီးပါးအထိတိုးမြင့် သွားနိုင်ကြောင်း ခန့်မှန်းရသည်။ ဂျပန်၏လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာစာတမ်းအသစ်များတွင် ရန်သူ့အခြေစိုက်စခန်းကို တိုက်ခိုက် နိုင်စွမ်းရှိစေရေးဟူသည့်အချက် ကိုထည့်သွင်းထားခြင်းသည် နိုင်ငံ၏ကာကွယ်ရေးကိုသာ ဦးတည်သောမူဝါဒကို ထိခိုက်စေသည်ဟု ဝေဖန်မှုများရှိနေသည်။ ယာမာဂူချီတက္ကသိုလ်မှ ပါမောက္ခ အာဆူရှိကိုကဲဆုက ယခု တိုးမြှင့်မှု များသည် ပြည်သူတို့၏ အသက်မွေးဝမ်းကျောင်းမှုကို လျစ်လျူရှုကာ စီးပွားရေးအပေါ် ဝန်ထုပ် ဝန်ပိုးဖြစ်စေသည် ဟု ပြောထားသည်။ ထို့ပြင် လက်နက်တင်ပို့မှုဆိုင်ရာကန့်သတ်ချက်များဖြေလျှော့ခြင်းအပါအဝင် ဂျပန်၏ လုံခြုံရေး မူဝါဒများသည် နိုင်ငံ၏ငြိမ်းချမ်းရေးဝါဒီဟူသောဂုဏ်ပုဒ်ကို ပိုမိုဆိုးရွားစေမည်ဟု ၎င်းကပြောသည်ဟု ဆင်ဟွာ သတင်းဌာနဖော်ပြချက်အရ သိရသည်။

01 Dec

ADVERTISE HERE .