“ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ ကြိုတင်ဆန္ဒမဲပေးနိုင်မည့်ရက် အသိပေးကြေညာ”

01 Dec

လာမည့်အထွေထွေရွေးကောက်ပွဲအတွက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် ဗန်ကောက်မြို ရှိ မြန်မာသံရုံး၌ ကြိုတင်မဲပေးနိုင်မည်ဖြစ်ကြောင်း မြန်မာသံရုံး(ဘန်ကောက်မြို)က ဒီဇင်ဘာလ ၁ ရက်မှာ အသိပေးကြေညာခဲ့ပါတယ်။ ကြိုတင်မဲလာရောက်ပေးနိုင်ရန်အတွက် ဒီဇင်ဘာလ ၆ ရက်နှင့် ၇ ရက်ဖြစ်ပြီး လာရောက်မည့်သူများ သံရုံးကို မနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ဖွင့်လှစ်ပေးထားမည်ဖြစ်ပြီး လာရောက်မဲပေးနိုင်ကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက်က ကြိုတင်ဆန္ဒမဲပေးနိုင်ရန် ပုံစံ ၁၅ များကို နောက်ဆုံးထားပေးပိုထားခဲ့ကြတဲ့ မြန်မာနိုင်ငံသားများအနေနဲ့ သံရုံးသို့ လာရောက်မဲပေးနိုင်ပြီး မဲပေးနိုင်ရန်အတွက် နိုင်ငံသားစိစစ်ရေးကတ် မူရင်း၊ မိတ္တူနှင့် နိုင်ငံကူး လက်မှတ်မူရင်း ယူဆောင်လာပေးကြရန်လည်း မြန်မာသံရုံးက အသိပေးထားပါတယ်။ လာမည့် ရွေးကောက်ပွဲအပိုင်း(၁)ကို ဒီဇင်ဘာလ ၂၈ ရက်မှာ စတင်ကျင်းပမည်ဖြစ်ပြီး အပိုင်း(၂)ကို ၂၀၂၆ ဇန်နဝါရီလ ၁၁ ရက်မှာ ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။(NVS 004)

01 Dec

ADVERTISE HERE .