“မြန်မာနိုင်ငံတော်ယာယီသမ္မတမှ အာကာသပြတိုက်(ရန်ကုန်)အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့”

01 Dec

မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်ရှိ အာကာသပြတိုက်(ရန်ကုန်)ကို နိုဝင်ဘာလ ၃၀ ရက် နံနက်ပိုင်းက ပြတိုက်ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့ကြောင်း သိရပါတယ်။ အခမ်းအနားမှာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်၊ Myanmar Space Agency အမှုဆောင်အရာရှိချုပ် ဒေါက်တာ စိုးမြင့်မောင်နှင့် ရန်ကုန်မြို့တာ်ဝန် ဦးဘိုဌေး တို့မှလည်း ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြကြောင်း သိရပါတယ်။ အဲဒီနောက် နိုင်ငံတော်ယာယီသမ္မတက ယခင်နက္ခတ်တာရာပြခန်းမှာ အသုံးပြုခဲ့သော GOTO Planetarim Analog Projection System ကို ကြည့်ရှုလေ့လာခဲ့ပြီး အာကာသပြတိုက်(ရန်ကုန်)ဖွင့်ပွဲ အထိမ်းအမှတ်လက်ဆောင်ကို ရန်ကုန်တိုင်းဝန်ကြီးချုပ်မှ နိုင်ငံတော်ယာယီသမ္မတထံ ဂါရဝပြုပေးအပ်ခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင်ရန်ကုန်တိုင်းဝန်ကြီးချုပ်မှ ဖွင့်ပွဲတက်ရောက်လာတဲ့ တရုတ်နိုင်ငံ၊ ရုရှားနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံတို့မှ သံအမတ်ကြီးများနှင့် သံရုံးယာယီတာဝန်ခံများကို အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ပြီးနောက် နိုင်ငံတော်ယာယီသမ္မတနှင့် တက်ရောက်လာကြသူများက အာကာသနှင့် နက္ခတ်တာရာဆိုင်ရာ Dome Video Clip ကို ကြည့်ရှုခဲ့ကြပါတယ်။ အာကာသပြတိုက်(ရန်ကုန်)က ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်မှာရှိပြီး ယခင်နက္ခတ်တာရာပြခန်းကို ခေတ်နှင့် အညီဖြစ်စေရန် အဆင့်မြှင့်တင်ပြန်လည်မွန်းမံ၍ အာကာသပြတိုက်(ရန်ကုန်)အဖြစ် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကာ ပြတိုက်အတွင်းမှာ Deep Space Exploration ပြခန်း၊ Space Station ပြခန်းနှင့်အာကာသတွင်းစေလွှတ်ခဲ့တဲ့ ဒုံးပျံများ၊ အာကာသမှာ လှည့်ပတ်သွားလာလျက်ရှိတဲ့ ဂြိုဟ်တုများ၊ အာကာသတွင်းစူးစမ်းလေ့လာတဲ့ အာကာသ ယာဉ်နှင့်ယာဉ်မှူးများ၊ ဂြိုဟ်များ၊ နက္ခတ်တာရာများစသည့် အာကာသဆိုင်ရာများကို ကြည့်ရှုလေ့လာနိုင်မည် ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)

01 Dec

ADVERTISE HERE .