တိုက်စစ်မှူး ဟာရီကိန်း ကို ခေါ်ယူရန် ဆန္ဒရှိနေတဲ့ မန်ယူ

30 Nov

မန်ယူအသင်းရဲ့ ပူးတွဲပိုင်ရှင်တစ်ဦးဖြစ်သည့် ဆာဂျင်မ်ရက်ကလစ်ဖ် က ဘိုင်ယန်မြူးနစ်အသင်း တိုက်စစ်မှူး ဟာရီကိန်း ကို မန်ယူအသင်းထံခေါ်ယူရန် ဆန္ဒရှိနေကြောင်း သိရပါတယ်။ ဟာရီကိန်း အနေနဲ့ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်း ရှိထားသော်လည်း သင့်လျော်သည့်ကမ်းလှမ်းမှု ရရှိပါက ဘိုင်ယန်မြူးနစ်အသင်းက ရောင်းထုတ်ဖွယ်ရှိကြောင်း သတင်းများ ထွက်ပေါ်နေခဲ့ပါတယ်။ ဒါကြောင့် ဆာဂျင်မ်ရက်ကလစ်ဖ် က ဟာရီကိန်း ကို မန်ယူအသင်းထံသို့ ခေါ်ယူရန် ချိန်ရွယ်နေခြင်း ဖြစ်ပါတယ်။ တိုက်စစ်မှူး ဟာရီကိန်း ဟာ ဘိုင်ယန်မြူးနစ်အသင်းသို့ မပြောင်းရွှေ့မီက စပါးအသင်းတွင် ဆယ်စုနှစ် တစ်ခုကျော်ကြာ ကစားခဲ့သူဖြစ်ကာ မန်ယူအသင်းအနေနဲ့ ဟာရီကိန်း အား စပါးအသင်းတွင် ကစားနေစဉ်ကပင် ခေါ်ယူရန် ကြိုးပမ်းခဲ့ဖူးပါတယ်။ လက်ရှိတွင် ဂိုးရရန်ရုန်းကန်နေရသည့် တိုက်စစ်ပိုင်းအတွက် ဟာရီကိန်း ကို ပစ်မှတ် ထားနေခြင်း ဖြစ်ပါတယ်။(NVS 008)

30 Nov

ADVERTISE HERE .