မန်ယူတိုက်စစ်မှူး ဆက်ကို ကာလအတန်ကြာ အနားယူရမည်ဖြစ်ကြောင်း နည်းပြအာမိုရင် အတည်ပြု

30 Nov

မန်ယူအသင်းနည်းပြ အာမိုရင် က အသင်းမှ အဓိကတိုက်စစ်မှူး ဆက်ကို ရဲ့ ဒဏ်ရာမှာ သက်သာခြင်းမရှိတဲ့ အတွက် ကာလအတန်ကြာ လက်လွှတ်ရမယ်လို့ အတည်ပြုပြောကြားခဲ့ကြောင်း Fotmob သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ ဆက်ကို ဟာ ပြီးခဲ့တဲ့နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလက လိုက်ပ်ဇစ်အသင်းမှ မန်ယူအသင်းသို့ ပြောင်းရွှေ့ခဲ့ပြီး သွင်းဂိုးများရရန် ရုန်းကန်နေရသော်လည်း နည်းပြ အာမိုရင် လက်အောက်တွင် အဓိက ကစားသမား အဖြစ် ပါဝင်ခွင့်ရနေသူဖြစ်ပါတယ်။ ဆက်ကို အနေနဲ့ မန်ယူအသင်းနှင့် စပါးအသင်းတို့ နှစ်ဂိုးစီသရေရလဒ် ထွက်ပေါ်ခဲ့သည့်ပွဲစဉ်၌ ပွဲပြီးဆုံး ခါနီးတွင် ဒူးဒဏ်ရာရခဲ့ကာ အနားယူနေရခြင်းဖြစ်ပြီး လာမည့် ပဲလေ့စ်အသင်းနှင့်ပွဲစဉ်တွင် ပြန်လည်ကစားနိုင်ရန် ခန့်မှန်းထားသော်လည်း ဒဏ်ရာအခြေအနေက သက်သာခြင်းမရှိတာကြောင့် ပဲလေ့စ်အသင်းနှင့်ပွဲစဉ်ကိုပါ လွဲချော်ရတော့မှာ ဖြစ်ပါတယ်။(NVS 008)

30 Nov

ADVERTISE HERE .