စပါးအသင်းက ကိုလိုမူအာနီ ကို အပြီးသတ်ခေါ်ယူရန် ဆုံးဖြတ်

30 Nov

စပါးအသင်းက ပီအက်စ်ဂျီအသင်းမှ အငှားစာချုပ်ဖြင့် ခေါ်ယူထားသည့် တိုက်စစ်မှူး ကိုလိုမူအာနီ ကို အပြီးသတ်ခေါ်ယူရန် ဆုံးဖြတ်ထားကြောင်း Goal.com သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ တိုက်စစ်မှူး ကိုလိုမူအာနီ ဟာ စပါးအသင်းသို့ပြောင်းရွှေ့ခဲ့ပြီး ပြိုင်ပွဲစုံ ၁၀ ပွဲ ပါဝင်ကစားခဲ့ရာ သွင်းဂိုး နှစ်ဂိုးနှင့် ဂိုးဖန်တီးမှု နှစ်ကြိမ် ပြုလုပ်နိုင်ခဲ့တာကြောင့် အသင်းတာဝန်ရှိသူများ က အပြီးသတ်ခေါ်ယူရန် ဆုံးဖြတ်ခဲ့ပြီး ဆွေးနွေးမှုတွင် စပါးအသင်းအနေနဲ့ ချန်ပီယံလိဂ်ကစားခွင့်ရရှိပါက စာချုပ်ကုန်ဆုံးလျှင် သက်တမ်းတိုးနိုင်မှာ ဖြစ်ပါတယ်။ ကိုလိုမူအာနီ အနေနဲ့ စပါးအသင်းသို့ရောက်ရှိချိန်တွင် ပုံစံကောင်းပျောက်ဆုံးခဲ့သော်လည်း ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် မိခင်ကလပ် ပီအက်စ်ဂျီအသင်းနဲ့ စပါးအသင်းတို့ပွဲစဉ်တွင် ခြေစွမ်းကိုပြကာ သွင်းဂိုးနှစ်ဂိုးနှင့် ဂိုးဖန်တီးမှု တစ်ကြိမ် ပြုလုပ်နိုင်ခဲ့လို့ အသင်းတာဝန်ရှိသူများက ကိုလိုမူအာနီ ကို စာချုပ်ကိစ္စဆွေးနွေးမှုများ စတင်ခဲ့ခြင်းဖြစ်ပါတယ်။(NVS 008)

30 Nov

ADVERTISE HERE .