စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ကျဆင်း

30 Nov

နိုဝင်ဘာလ ၂၈ ရက်မှ ဒီဇင်ဘာလ ၄ ရက်အထိ ရန်ကုန်အထိုင်ဈေး စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း ထုတ်ပြန်ရာတွင် ယခင်ရက်သတ္တပတ်ထက် ကျဆင်းခဲ့ကြောင်း သိရပါတယ်။ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက လက်ရှိတစ်ပတ်တာအတွင်း ထုတ်ပြန်သည့် စားအုန်းဆီတစ်ပိဿာဈေးနှုန်းမှာ ၆၂၈၀ ကျပ်ဖြစ်ပြီး ယခင်ရက်သတ္တပတ်ဈေးနှုန်းမှာ ၆၃၃၀ ဖြစ်သည့်အတွက် ၅၀ ကျပ် ကျဆင်းခဲ့တာဖြစ်ပါတယ်။ စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ်ကင်းရှင်းသော စားသုံးဆီများကို သင့်တင့်သောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်စေရန်နှင့် ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီက ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ပြည်တွင်းဈေးကွက်အတွင်း ထုတ်ပြန်ကြေညာထားသည့်ဈေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့်လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကို အပတ်စဉ်သောကြာနေ့တိုင်း ထုတ်ပြန်ကြေညာလျက်ရှိပြီး စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov. mm Facebook Page နှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ၏ Facebook Page တို့တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ကြောင်းသိရပါတယ်။ (NVS 004)

30 Nov

ADVERTISE HERE .