ပြည်သူလူထုနှင့် စက်မှုဇုန်များ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ပိုမိုထုတ်လုပ်ဖြည့်ဆည်းပေးနိုင်ရန် စီမံဆောင်ရွက်
30 Nov
ပြည်သူလူထုနှင့် စက်မှုဇုန်များ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ပိုမိုထုတ်လုပ်ဖြည့်ဆည်းပေးနိုင်ရန် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက စီမံဆောင်ရွက်လျက်ရှိပါတယ်။ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်ရှိ သီလဝါဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည့် သဘာဝ ဓာတ်ငွေ့ရည် သိုလှောင်သင်္ဘော(Floating Storage Unit-FSU)၊ သဘာဝဓာတ်ငွေ့ရည်ကို ဓာတ်ငွေ့ပြန်လည်ပြုလုပ် သောစက်ရုံ(Regasification Unit)၊ သန်လျင် ၂၀၀ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံနှင့် သာကေတ ၃၀၀ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံတို့ရှိ ဓာတ်အားစမ်းသပ်မောင်းနေမှုကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက နိုဝင်ဘာလ ၂၈ ရက် နံနက်ပိုင်းတွင် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရပါတယ်။ ပြည်ထောင်စုဝန်ကြီးက ဓာတ်အားပေးစက်ရုံများမှ သတ်မှတ်ဓာတ်အားပမာဏ ပြည့်မီအောင် ထုတ်လုပ် နိုင်ရေး၊ LNG သည် ဈေးနှုန်းကြီးမြင့်သော စွမ်းအင်အရင်းအမြစ်လို့ လေလွင့်မှုနည်းပါးစေရန် ဓာတ်အားပေးစက်များ စဉ်ဆက်မပြတ်မောင်းနှင်ရေးနှင့် စက်စွမ်းရည် ကောင်းမွန်စေရေး အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ပါတယ်။(NVS 004)