ထရမ့် နှင့် မာဒူရို တို့ တယ်လီဖုန်းမှတစ်ဆင့် ဆက်သွယ်မှုလုပ်ဆောင်

30 Nov

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် နှင့် ဗင်နီဇွဲလားသမ္မတ နီကိုးလပ်မာဒူရို တို့သည် ပြီးခဲ့သည့် သီတင်းပတ်တွင် တယ်လီဖုန်းမှတစ်ဆင့် ဆက်သွယ်မှုလုပ်ဆောင်ခဲ့ကြောင်း ယင်းကိစ္စနှင့်ပတ်သက်၍ သိရှိသူ များ၏ ပြောဆိုချက်ကိုကိုးကားကာ New York Times သတင်းဌာနက နိုဝင်ဘာလ ၂၈ ရက်တွင် ထုတ်ပြန် ထားသည်။ သမ္မတ ဒေါ်နယ်ထရမ့် သည် ဗင်နီဇွဲလားသမ္မတကို မူးယစ်ဆေးဝါးကုန်ကူးသူများနှင့် ပတ်သက်နေသည်ဟု စွပ်စွဲကာ မူးယစ်အကြမ်းဖက်သမားများကို ဗင်နီဇွဲလားမြေပေါ်မှ နှင်ထုတ်သွားမည်ဟု ပြောထားသည်။ ထို့နောက် နှစ်နိုင်ငံခေါင်းဆောင်များက တယ်လီဖုန်းမှတစ်ဆင့် ဆက်သွယ်မှုလုပ်ဆောင်ပြီး ၎င်းတို့နှစ်ဦး အနေဖြင့် တွေ့ဆုံဆွေးနွေးမှုလုပ်ဆောင်မည့် အခြေအနေနှင့်ပတ်သက်၍ ပြောဆိုမှုများရှိနိုင်ကြောင်း သတင်း အရင်းအမြစ်များ၏ပြောဆိုမှုကို ကိုးကား၍ သတင်းဌာနကဖော်ပြထားခြင်းဖြစ်သည်။

30 Nov

ADVERTISE HERE .