ချန်ပီယံလိဂ်ပြိုင်ပွဲတွင် အသက်ကြီးဆုံး ဂိုးသွင်းယူနိုင်သူအဖြစ် ဒေးဗစ်လုဇ် မှတ်တမ်းဝင်
29 Nov
ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် ဂိုးသွင်းယူနိုင်သည့် ဒုတိယမြောက်အသက်ကြီးဆုံး ကစားသမား အဖြစ် ပါဖို့စ်အသင်း ဝါရင့်ခံစစ်ကစားသမား ဒေးဗစ်လုဇ် မှတ်တမ်းဝင်ခဲ့ကြောင်း Fotmob သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ ပါဖို့စ်အသင်းမှာ ကစားနေတဲ့ အသက် ၃၈ နှစ်အရွယ် ဒေးဗစ်လုဇ် အနေနဲ့ မိုနာကိုအသင်းနဲ့ပွဲစဉ်၌ ပွဲကစားချိန် ၁၈ မိနစ်မှာ အသင်းအတွက် သွင်းဂိုးတစ်ဂိုး သွင်းယူပြီးနောက် ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းတွင် ဒုတိယမြောက် အသက်အကြီးဆုံးကစားသမား ဖြစ်လာခဲ့ပါတယ်။ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလက ချန်ပီယံလိဂ်ပြိုင်ပွဲ ရှက်တာဒိုးနက်နှင့် ပေါ်တိုအသင်းတို့ပွဲစဉ်၌ ပေါ်တိုအသင်း ခံစစ်ကစားသမား ပီပီ က အသက် ၄၀ နှစ် ၂၉၀ ရက်ဖြင့် အသက်ကြီးဆုံး ဂိုးသွင်းယူသည့် ကစားသမားအဖြစ် မှတ်တမ်းဝင်ပြီးနောက် ဒေးဗစ်လုဇ် က အသက် ၃၈ နှစ် ၂၁၈ ရက်ဖြင့် ဒုတိယမြောက်အသက်ကြီးဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။ (NVS 008)