မေဆန်ဂရင်းဝုဒ် ရဲ့ ပြောင်းရွှေ့ကြေးကို စတာလင်ပေါင် သန်း ၇၀ အဖြစ် မာဆေးလ်အသင်း သတ်မှတ်
29 Nov
ပြင်သစ်လီဂူးကလပ် မာဆေးလ်အသင်းက အသင်းတိုက်စစ်မှူး မေဆန်ဂရင်းဝုဒ် ရဲ့ ပြောင်းရွှေ့ကြေးကို စတာလင်ပေါင် သန်း ၇၀ အဖြစ် သတ်မှတ်လိုက်ပါတယ်။ တိုက်စစ်မှူး မေဆန်ဂရင်းဝုဒ် ဟာ မာဆေးလ်အသင်းနှင့်အတူ ယခုနှစ်ဘောလုံးရာသီတွင် ပြိုင်ပွဲစုံ ၁၆ ပွဲ ကစားပြီး ၁၁ ဂိုး သွင်းယူကာ ခြေစွမ်းပြနိုင်ခဲ့ခြင်းကြောင့် အက်သလက်တီကိုမက်ဒရစ်အသင်းက ခေါ်ယူရန် စိတ်ဝင်စားလာခြင်းဖြစ်ပါတယ်။ အသက်(၂၄)နှစ်အရွယ် မေဆင်ဂရင်းဝုဒ် ကို လက်ရှိအချိန်တွင် အက်သလက်တီကိုအသင်းက ခေါ်ယူရန် စိတ်ဝင်စားလျက်ရှိပြီး မာဆေးလ်အသင်းက မေဆန်ဂရင်းဝုဒ် အတွက် သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးအတိုင်း ရရှိပါက မည်သည့်အသင်းကိုမဆို ရောင်းချသွားဖို့ ရှိနေပါတယ်။ အက်သလက်တီကိုအသင်းက ဆောင်းရာသီဈေးကွက်တွင် မာဆေးလ်အသင်း သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ ကြေးကိုပေးချေပြီး ဂရင်းဝုဒ် အား ခေါ်ယူသွားနိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။(NVS 008)