ရန်ကုန်ကျောက်မျက်ရတနာနှင့် လက်ဝတ်ရတနာအချောထည်ပြပွဲ-၂၀၂၅ ကို ဒီဇင်ဘာလတွင် ကျင်းပမည်
29 Nov
ရန်ကုန်ကျောက်မျက်ရတနာနှင့် လက်ဝတ်ရတနာအချောထည်ပြပွဲ-၂၀၂၅(YANGON GEMS & JEWELLERY FAIR 2025)ကို ရန်ကုန်မြို့ Lotte Hotel တွင် ဒီဇင်ဘာလ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိ ကြီးကျယ်ခမ်းနားစွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း (ရန်ကုန်)မှ သိရပါတယ်။ အဆိုပါပြပွဲကို ကျောက်မျက်ရတနာအချောထည်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန်ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်း တည်ထောင်ခဲ့သော ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း(ရန်ကုန်)မှ ကြီးမှူးကျင်းပမှာဖြစ်ပါတယ်။ ပြပွဲအတွင်း ကျောက်မျက်အသင်းဝင်အသင်းသား ရတနာကုန်သည်များနှင့် ရန်ကုန်မြို့ရှိ ရတနာဆိုင်ကြီးများက ဆိုင်ခန်းပေါင်း ၈၀ အထိ ပါဝင်ခင်းကျင်းပြသကာ ရောင်းချပေးမှာဖြစ်ပါတယ်။ ရတနာကို ချစ်မြတ်နိုးသူများ၊ တန်ဖိုးထားစုဆောင်းလိုသူများနှင့် ကြည့်ရှုလေ့လာလိုသူများအနေနဲ့ ရတနာ မျိုးစုံကို တစ်နေရာတည်းမှာ စုံစုံလင်လင် ကြည့်ရှုနိုင်ကြောင်း ဖိတ်ကြားထားပါတယ်။(NVS 004)