သီရိလင်္ကာနိုင်ငံ၌ ရာသီဥတုဆိုးရွားမှုကြောင့် မီးရထားပြေးဆွဲမှုအားလုံး ရပ်နားထား

29 Nov

သီရိလင်္ကာနိုင်ငံ ပြည်နယ်အချို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေလွှမ်းမိုးမှုဖြစ်ပေါ်နေသည့်အတွက် နိုဝင်ဘာလ ၂၈ ရက် နံနက် ၆ နာရီမှစတင်၍ နိုင်ငံအတွင်း ရထားပြေးဆွဲမှုအားလုံးကို ရပ်နားထားကြောင်း သိရသည်။ ဆိုးရွားသည့် ရာသီဥတုအခြေအနေကြောင့် အထက်ပါအတိုင်း ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ရေများတက်လာ ခြင်း၊ လမ်းများပိတ်ဆို့ခြင်းနှင့် အဓိက သယ်ယူပို့ဆောင်ရေးနေရာများသို့ ဝင်ရောက်ခွင့် အကန့်အသတ်ရှိလာသည့် အတွက် ရထားပြေးဆွဲမှုများကို ရပ်နားထားခြင်းဖြစ်ကြောင်း မီးရထားဌာနမှ အကြီးအကဲတစ်ဦးဖြစ်သူ ချန်ဒရာဆီနာဘန်ဒရာ က ပြောသည်။ မရှိမဖြစ်လိုအပ်သော ဝန်ဆောင်မှုများအတွက် တင်ပြသည့်လူများအတွက်သာ ရထားဝန်ဆောင်မှုကို လုပ်ဆောင်သွားမည်ဟု အဆိုပါဌာနမှ ပြောကြားခဲ့သည်။ သဘာဝဘေးအန္တရာယ်အခြေအနေ ဆက်လက်ဆိုးရွား နေသေးသရွေ့ အနောက်ပိုင်းခရိုင်တွင် ဝန်ဆောင်မှုများကို ကန့်သတ်ထားမည်ဖြစ်သည်။ သီရိလင်္ကာ မီးရထားဌာနက မရှိမဖြစ်လိုအပ်သော တာဝန်များထမ်းဆောင်နေသည့် ဝန်ထမ်းများအတွက် သယ်ယူပို့ဆောင်ရေး ဆောင်ရွက်ပေးနိုင်ရန် ရထားအရေအတွက် အကန့်အသတ်ဖြင့် ဂေးရယ်မြို့နှင့် ချလောမြို့ တို့မှ ကိုလံဘိုခံတပ်အထိ ပြေးဆွဲမှုပြုလုပ်ပေးသွားမည်ဟု ပြောသည်။

29 Nov

ADVERTISE HERE .