“နည်းပြ အလွန်ဆို ရီးရဲလ်မက်ဒရစ်အသင်း နည်းပြရာထူးမှ ထုတ်ပယ်ခံရဖွယ်ရှိကြောင်း သတင်းများထွက်ပေါ်”
28 Nov
ရီးရဲလ်မက်ဒရစ်အသင်း နည်းပြ အလွန်ဆို က လက်ရှိအချိန်မှာ အသင်းကစားသမားများနဲ့ အဆင်မပြေဖြစ်နေ ခြင်းကြောင့် နည်းပြရာထူးမှ ထုတ်ပယ်ခံရဖွယ်ရှိကြောင်း သတင်းများက ဖော်ပြခဲ့ပါတယ်။ နည်းပြ အလွန်ဆို ဟာ ရီးရဲလ်မက်ဒရစ်အသင်းကို ၂ဝ၂၅ ခုနှစ် ဇွန်လ ၁ ရက်မှ စတင်ကိုင်တွယ်ခဲ့သော်လည်း အသင်းကစားသမားများနဲ့ အဆင်မပြေဖြစ်နေခဲ့တာဖြစ်ပါတယ်။ နည်းပြ အလွန်ဆို အနေနဲ့ ရီးရဲလ်မက်ဒရစ်အသင်းကို တာဝန်ယူပြီးနောက် ပြိုင်ပွဲစုံ ၂၃ ပွဲ ၁၇ ပွဲနိုင်၊ ၃ ပွဲသရေ၊ ၃ ပွဲရှုံးကိုရလဒ်ကို ရရှိထားပါတယ်။ (NVS-008)
28 Nov