“စီရော်နယ်ဒို ရဲ့မှတ်တမ်းကို လိုက်မီခဲ့တဲ့ အမ်ဘာပေ”

28 Nov

ရီးရဲလ်မက်ဒရစ်အသင်းနဲ့ အိုလံပီယာကို့စ်အသင်းတို့ရဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ရီးရဲလ်အသင်းအတွက် တစ်ဦးတည်း ၄ ဂိုး သွင်းယူခဲ့တဲ့ အမ်ဘာပေ ဟာ ရီးရဲလ်အသင်းတိုက်စစ်မှူးဟောင်း စီရိုနယ်ဒို ရဲ့ မှတ်တမ်းကောင်း အချို့ကို လိုက်မီသွားနိုင်ခဲ့ပြီဖြစ်ပါတယ်။ အမ်ဘာပေ အနေနဲ့ ချန်ပီယံလိဂ်အဖွင့် ၅ ပွဲမှာ ၉ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီး ရိုနယ်ဒို ရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်နဲ့ တူညီသွားခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် အမ်ဘာပေ ဟာ စီရိုနယ်ဒို နောက်ပိုင်း ချန်ပီယံလိဂ်ပွဲစဉ်မှာ တစ်ပွဲတည်း ၄ ဂိုးသွင်းယူနိုင်တဲ့ ဒုတိယမြောက် ရီးရဲလ်မက်ဒရစ်ကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။ လက်ရှိမှာ ဘာပေ ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၆၄ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီး ဘာပေက ပွဲအပြီး အင်တာဗျူးမှာ ဂိုးပေါင်း ၁၄၀ အထိ သွင်းယူထားတဲ့ စီရော်နယ်ဒိုကို လိုက်မီနိုင်ဖို့ အဝေးကြီးလိုနေသေးကြောင်း ပြောခဲ့ပါတယ်။ (NVS-008)

28 Nov

ADVERTISE HERE .