“UEC မှ ယာယီနေရပ်စွန့်ခွာသူများကို ကြိုတင်ဆန္ဒမဲပေးနိုင်ကြောင်း ထပ်မံအသိပေး”
28 Nov
ပြည်တွင်းရှိ မဲစာရင်းတွင်ပါရှိပြီး သက်ဆိုင်ရာမြို့နယ်၏ပြင်ပကို ရောက်ရှိနေသော ယာယီနေရပ်စွန့်ခွာ နေရ သူများအနေနဲ့ ပုံစံ(၁၅)ဖြင့် ရောက်ရှိရာဒေသ၊ မြို့နယ်၊ ကော်မရှင်အဖွဲ့ခွဲ့၌ ကြိုတင်ဆန္ဒမဲပေးနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာလ ၂၇ ရက်မှာ ထပ်မံအသိပေးထုတ်ပြန်ထားပါတယ်။ ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် ကြိုတင်မဲများကို နိုဝင်ဘာလ ၂၅ ရက်မှ နိုဝင်ဘာ လ ၂၉ ရက်အထိ ကြိုတင်မဲပေးနိုင်ကြောင်း သိရပါတယ်။ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မဲပေးခွင့်မဆုံးရှုံးစေရေးကို အလေးထားဆောင်ရွက်လျက်ရှိရာ မဲစာရင်းပါရှိတဲ့ သက်ဆိုင်ရာမြို့နယ်ပြင်ပတွင် ရောက်ရှိနေသော ယာယီနေရပ် စွန့်ခွာနေရသူများအနေနဲ့ ကြိုတင်မဲပေးနိုင်ကြောင်း အသိပေးထားပါတယ်။ ရွေးကောက်ပွဲအပိုင်း(၁)ကို ဒီဇင်ဘာလ ၂၈ ရက်၌ စတင်ကျင်းပမှာဖြစ်ပြီး အပိုင်း(၂)ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်၌ ကျင်းပသွားမှာဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က အသိပေးထုတ်ပြန်ထားပါတယ်။ (NVS-004)