“တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအတွက် ဆေးတက္ကသိုလ်ဝင်ခွင့်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ၆ ခုမှ ခေါ်ယူလျက်ရှိ”
28 Nov
နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့်၊ ဝ စသည့် သွားလာရေးခက်ခဲသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၆ ခုမှ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သည့် ကျောင်းသား/ကျောင်းသူများအား ဆေးတက္ကသိုလ်ဝင်ခွင့် လျှောက်လွှာများ ခေါ်ယူနေကြောင်း သိရပါတယ်။ လျှောက်ထားမည့် ကျောင်းသား/ကျောင်းသူများအနေနဲ့ အဆိုပါဒေသများတွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်ရမှာဖြစ်ပြီး အခြေခံပညာသင်တန်း (GRADE-10, GRADE-11, GRADE-12) များကိုလည်း အဆိုပါ ဒေသများတွင်သာ ဆက်တိုက်ပညာသင်ကြားခဲ့သော ကျောင်းသား/ကျောင်းသူများသာ သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံသူများဖြစ်ပါက လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။ လျှောက်လွှာများကို ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက် နောက်ဆုံးထား၍ ကျန်းမာရေး လူ့စွမ်းအားအရင်း အမြစ်ဦးစီးဌာနသို့ တိုက်ရိုက်ပေးပို့လျှောက်ထားရမှာဖြစ်ပြီး အသေးစိတ်သိရှိလိုပါက ကျန်းမာရေးဝန်ကြီးဌာန Website www.moh.gov.mm နှင့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန Website www.hrh.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရပါတယ်။ (NVS-004)