“ကုလသမဂ္ဂစက်မှုဖွံ့ဖြိုးရေးအဖွဲ့(UNIDO)၏ (၂၁)ကြိမ်မြောက် အထွေထွေညီလာခံသို့ မြန်မာကိုယ်စားလှယ် အဖွဲ့တက်ရောက်”

28 Nov

ကုလသမဂ္ဂစက်မှုဖွံ့ဖြိုးရေးအဖွဲ့(UNIDO)၏ (၂၁)ကြိမ်မြောက် ကမ္ဘာ့စက်မှုဆိုင်ရာထိပ်သီးညီလာခံ-၂၀၂၅ ကို ဆော်ဒီအာရေဗျနိုင်ငံ၊ ရီရတ်ဒ်မြို့ရှိ King Abdulaziz International Conference Centre တွင် နိုဝင်ဘာလ ၂၃ ရက်မှ ၂၇ ရက်အထိ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါညီလာခံသို့ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးမင်းသိမ်း တက်ရောက်ခဲ့ပြီး နိုင်ငံတော်အနေဖြင့် ရေရှည်စီးပွားရေးနှင့် စက်မှုဖွံ့ဖြိုးမှုကို အထောက်အကူပြုရန်အတွက် အဓိကဦးစားပေးလုပ်ငန်းများဖြစ်တဲ့ စိုက်ပျိုး ရေး၊ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်ရေး၊ စက်မှုဇုန်များတည်ထောင်ရေး၊ ဒစ်ဂျစ်တယ်စီးပွားရေး ကဏ္ဍများတွင် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်အားပေးလျက်ရှိသည့်အပြင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့် လျှပ်စစ်သုံး ယာဉ်များ အသုံးပြုမှုကို အားပေးမြှင့်တင်လျက်ရှိပြီး ရာသီဥတုဒဏ်ခံနိုင်ရည်ရှိစေရန် ဒီရေတောထိန်းသိမ်းခြင်းနှင့် သစ်ပင်စိုက်ပျိုးခြင်းတို့ကိုလည်း တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ပါတယ်။ ဒ့ါအပြင် မြန်မာနိုင်ငံရှိ အကူအညီလိုအပ်နေသည့် ကဏ္ဍများ၊ အထူးသဖြင့် စိုက်ပျိုးရေးကိုအခြေခံသည့် အငယ်စား၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများ၏ ထုတ်လုပ်မှုနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး၊ စွမ်းအင် စီမံခန့်ခွဲမှုနှင့် ဆန်းသစ်တီထွင်မှုတိုးတက်စေရေး၊ စွမ်းအင်သုံးစွဲမှု ထိရောက်မှုရှိစေရန် စောင့်ကြည့်ဆန်းစစ်ရေး လုပ်ငန်းများ ပိုမိုကောင်းမွန်စေရေးတို့တွင် အကူအညီများပေးအပ်ရန် UNIDO နှင့် ဖွံ့ဖြိုးမှုမိတ်ဖက်များအား တိုက်တွန်း ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ၏ (၁၁)ကြိမ်မြောက် ဝန်ကြီးအဆင့်ညီလာခံကြေညာချက်နှင့် Implementation Plan for UNIDO’s Operational Strategy for LDCs (2022–2031) တို့ကို ကြိုဆိုပြီး ညီလာခံအပြီး၌ အတည်ပြုချမှတ်မည့် ရီရတ်ဒ်ကြေညာချက်ကိုလည်း အပြည့်အဝထောက်ခံကြောင်း ပြောကြားခဲ့ ပါတယ်။ (NVS-004)

28 Nov

ADVERTISE HERE .