“အကြိမ်(၆၀)မြောက် ကျောက်မျက်ရတနာပြပွဲအောင်မြင်စွာပြီးစီး”

28 Nov

အကြိမ်(၆၀)မြောက် ကျောက်မျက်ရတနာပြပွဲကို နိုဝင်ဘာလ ၁၇ ရက်မှ ၂၆ ရက်အထိ အောင်မြင်စွာကျင်းပ ခဲ့ပြီး ပုလဲအတွဲပေါင်း ၄၃၀ ကျော်၊ ကျောက်မျက်အတွဲ ၆၇ တွဲနှင့် ကျောက်စိမ်းအတွဲပေါင်း ၄,၁၀၀ ကျော် ရောင်းချနိုင်ခဲ့ကြောင်း သိရပါတယ်။ ပြပွဲအတွင်း ပြသခဲ့တဲ့ ပုလဲအတွဲပေါင်း ၄၈၉ တွဲအနက် ၄၄၃ တွဲ ရောင်းချနိုင်ခဲ့ပြီး ကျောက်မျက်အတွဲပေါင်း ၁၆၀ အနက် ၆၇ တွဲရောင်းချနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ကျောက်စိမ်းအတွဲ အုပ်စု(အေနှင့်ဘီ)တို့မှ အတွဲပေါင်း ၂,၉၀၀ အနက် အတွဲ ၂,၁၁၀ ကို ရောင်းချနိုင်ခဲ့ပြီး အုပ်စု(စီ)မှ ကျောက်စိမ်းအတွဲ‌ပေါင်း ၂,၁၈၅ တွဲအနက် ၂,၀၇၃ တွဲ၊ စုစုပေါင်း ကျောက်စိမ်းအတွဲပေါင်း ၄,၁၈၃ တွဲရောင်းချခဲ့ရကြောင်း သိရပါတယ်။ အကြိမ်(၆၀)မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေ ရှာဖွေပေးနိုင်ရန် နှင့် နိုင်ငံသားများအတွက် စီးပွားရေးအကျိုးဖြစ်ထွန်းမှုများ ရရှိနိုင်စေရေးကိုရည်ရွယ်ကာ ကျင်းပခဲ့ခြင်းဖြစ်ပါတယ်။ (NVS-004)

28 Nov

ADVERTISE HERE .