ကုန်ဈေးနှုန်းသတင်း ၂၇.၁၁.၂၀၂၅

27 Nov

နိုဝင်ဘာလ ၂၇ ရက်အတွက် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်တွေကနေရရှိတဲ့ ကုန်ဈေးနှုန်းတွေအရ မတ်ပဲဈေး အနည်းငယ် တက်လာပြီး ပဲစင်းငုံနီဈေးကတော့ အနည်းငယ် ကျဆင်းလာပါတယ်။ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ အခြားပဲအများစုနဲ့ အာလူးဈေးတွေကတော့ ဈေးငြိမ်နေပါတယ်။ မတ်ပဲ(FAQ/RC) တစ်တင်းကို ၈၈,၇၁၄ ကျပ်၊ မတ်ပဲ(SQ/RC) တစ်တင်းကို ၉၉,၃၂၁ ကျပ်၊ မတ်ပဲ(Raw) တစ်ပိဿာကို ၄,၄၈၀ ကျပ်ကနေ ၄,၅၂၀ ကျပ်၊ ပဲစင်းငုံနီ တစ်တင်းကို ၈၂,၁၂၅ ကျပ်၊ ပဲတီစိမ်း တစ်ပိဿာကို ၅,၃၃၀ ကျပ်ကနေ ၈,၁၈၅ ကျပ်၊ ပဲလွန်းဖြူ တစ်ပိဿာကို ၄,၁၆၅ ကျပ်ကနေ ၄,၄၂၀ ကျပ်၊ ပဲလွန်းနီ တစ်ပိဿာကို ၃,၉၁၅ ကျပ်ကနေ ၄,၀၈၅ ကျပ်၊ ပဲကြီး တစ်ပိဿာကို ၆,၉၅၅ ကျပ်ကနေ ၉,၂၀၅ ကျပ်၊ ထောပတ်ပဲ တစ်ပိဿာကို ၃,၂၄၅ ကျပ်၊ ဘိုကိတ်ပဲ တစ်ပိဿာကို ၃,၅၀၀ ကျပ်ကနေ ၃,၆၇၀ ကျပ်၊ စားတော်ပဲလုံး တစ်ပိဿာကို ၁၄,၀၀၀ ကျပ်ကနေ ၁၄,၆၇၀ ကျပ်၊ ပြောင်းဆန် တစ်ပိဿာကို ၁,၄၂၀ ကျပ်ကနေ ၁,၄၄၀ ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာကို ၅,၅၅၀ ကျပ်ကနေ ၆,၁၀၀ ကျပ်၊ ပဲပုပ်မြစ်ဝကျွန်း‌ပေါ်(ဆီတိုး/အထွက်တိုး) တစ်ပိဿာကို ၅,၃၃၀ ကျပ်ကနေ ၅,၅၀၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာကို ၃၅၀ ကျပ်ကနေ ၁,၈၀၀ ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာကို ၃,၅၀၀ ကျပ်ကနေ ၁၇,၅၀၀ ကျပ်၊ ထန်းလျက် တစ်ပိဿာကို ၃,၀၀၀ ကျပ်ကနေ ၇,၅၀၀ ကျပ်၊ မန်ကျည်းသီး တစ်ပိဿာကို ၄,၅၀၀ ကျပ်ကနေ ၁၀,၀၀၀ ကျပ်၊ သကြား တစ်ပိဿာကို ၃,၇၀၀ ကျပ်ကနေ ၄,၁၀၀ ကျပ်၊ အာလူး တစ်ပိဿာကို ၅,၀၀၀ ကျပ်ကနေ ၇,၀၀၀ ကျပ်၊ ပုစွန်ခြောက်(ဖျာပုံရွှေပုစွန်) တစ်ပိဿာကို ၈၀,၀၀၀ ကျပ်ကနေ ၃၀၀,၀၀၀ ကျပ်၊ ငါးရံ့ခြောက် တစ်ပိဿာကို ၅၅,၀၀၀ ကျပ်ကနေ ၈၅,၀၀၀ ကျပ်၊ ငါးကွမ်းရှပ် တစ်ပိဿာကို ၁၈,၀၀၀ ကျပ်ကနေ ၃၇,၀၀၀ ကျပ် ဖြစ်ပေါ်နေပါတယ်။ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂,၁၀၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၁,၆၁၂ ကျပ် ဖြစ်ပါတယ်။ ပြင်ပပေါက် ဈေးအရ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၄,၀၆၅ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၃,၁၃၅ ကျပ် ဖြစ်နေပါတယ်။ စက်သုံးဆီဈေးနှုန်းတွေကတော့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD)၏ နေ့စဉ်ထုတ်ပြန် ချက်အရ - -Octane 92 တစ်လီတာကို ရန်ကုန်မှာ ၂,၆၀၀ ကျပ်၊ မန္တလေးမှာ ၂,၇၁၅ ကျပ်၊ နေပြည်တော်မှာ ၂,၆၈၀ ကျပ်။ -Octane 95 တစ်လီတာကို ရန်ကုန်မှာ ၂,၆၇၅ ကျပ်၊ မန္တလေးမှာ ၂,၇၉၀ ကျပ်၊ နေပြည်တော်မှာ ၂,၇၅၅ ကျပ်။ -ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၂,၅၅၅ ကျပ်၊ မန္တလေးမှာ ၂,၆၇၀ ကျပ်၊ နေပြည်တော်မှာ ၂,၆၃၅ ကျပ်။ -Premium ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၃,၀၉၅ ကျပ်၊ မန္တလေးမှာ ၃,၂၁၀ ကျပ်၊ နေပြည်တော်မှာ ၃,၁၇၅ ကျပ် ရှိနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း (YGEA) ၏ ယနေ့ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းကတော့ ကျပ်သိန်း (၅,၉၈၀,၀၀၀/-) ငါးဆယ် ကိုးသိန်း ရှစ်သောင်း ရှိပြီး ပြင်ပပေါက်ဈေးမှာ ကျပ်သိန်း (၈,၇၄၀,၀၀၀ိ/-) ရှစ်ဆယ် ခုနစ်သိန်း လေးသောင်းကျပ် ရှိနေတယ်လို့ သိရပါတယ်။

27 Nov

ADVERTISE HERE .