ကညနတွင် ယာဉ်မှတ်ပုံတင်ထားသည့်ပုံစံကို အပိုကိရိယာများ ပြောင်းလဲတပ်ဆင်ခြင်း မပြုရန် သတိပေး

27 Nov

မော်တော်ယာဉ်များတွင် ယာဉ်နံပါတ်ပြားအလှတပ်ဆင်ခြင်း၊ အသံပိုမိုကျယ်လောင်စေရန် အသံထိန်း ကိရိယာများ ပြောင်းလဲတပ်ဆင်ခြင်းနှင့် ဖြုတ်ခြင်းတို့ကို မပြုလုပ်ရန် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ သတိပေးထုတ်ပြန် ထားပါတယ်။ မော်တော်ယာဉ်များကို ကညနမှထုတ်ပေးသည့် မော်တော်ယာဉ် နံပါတ်ပြားမဟုတ်ဘဲ အခြားနံပါတ်ပြား တပ်ဆင်ခြင်း၊ မူလနံပါတ်ပြားကို အလှဆင်ပြုပြင်ထားသည့် နံပါတ်ပြားများတပ်ဆင်ခြင်း၊ အလှဆင်နံပါတ်ပြား များ တပ်ဆင်ခြင်း၊ မှတ်ပုံတင်ထားတဲ့ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့် သုံးဘီးတပ်ယာဉ်များတွင် အသံပိုမို ကျယ်လောင်စေရန် အသံထိန်းကိရိယာများ ပြောင်းလဲတပ်ဆင်ခြင်း၊ အသံထိန်းကိရိယာဖြုတ်၍ မောင်းနှင်ခြင်း၊ ဆူညံသံဖြစ်ပေါ်စေသည့် ကိရိယာများ တပ်ဆင်အသုံးမပြုကြရန် ထုတ်ပြန်ချက်တွင်ပါရှိပါတယ်။ ထုတ်ပြန်ချက်တွင် ပါရှိသည့်အတိုင်း လိုက်နာမှုမရှိဘဲ ပြောင်းလဲတပ်ဆင်အသုံးပြုသော မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့် သုံးဘီးတပ်ယာဉ်များကို စစ်ဆေးတွေ့ရှိပါက ၂၀၂၀ ပြည့်နှစ်၊ ယာဉ်အန္တရာယ် ကင်းရှင်း ရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေအရ ထိရောက်စွာအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။(NVS 004)

27 Nov

ADVERTISE HERE .