အင်္ဂလန်အသင်းတွင် ပြန်လည်ရွေးချယ်ရန် နည်းပြ တူချယ်လ် က ဂရင်းဝုဒ် ကိုစောင့်ကြည့်နေ

27 Nov

အင်္ဂလန်အသင်းနည်းပြ တူချယ်လ် က လာမည့်ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ကစားသမားရွေးချယ်ရန် မာဆေးလ်အသင်းနှင့်အတူ ခြေစွမ်းကောင်းတွေပြသလျက်ရှိတဲ့ ဂရင်းဝုဒ် ကို အင်္ဂလန်အသင်းတွင် ပြန်လည် ရွေးချယ်ရန် စောင့်ကြည့်လျက်ရှိကြောင်း သိရပါတယ်။ ဂရင်းဝုဒ် ဟာ မန်ယူအသင်းတွင်ကစားစဉ်က အင်္ဂလန်အသင်းအတွက် ရွေးချယ်ခံရဖူးသော်လည်း အသင်းနှင့် အတူ တစ်ပွဲသာပါဝင်ကစားခွင့်ရရှိခဲ့ပြီး နောက်ပိုင်းနှစ်များတွင် အင်္ဂလန်အသင်းကစားသမားစာရင်းမှာ ရွေးချယ်ခံရမှု မရှိခဲ့တာဖြစ်ပါတယ်။ လက်ရှိဘောလုံးရာသီတွင် မာဆေးလ်အသင်းနှင့်အတူ ထိပ်တန်းအဆင့်ခြေစွမ်းကို ပြသလျက်ရှိတဲ့အတွက် အင်္ဂလန်အသင်းနည်းပြ တူချယ်လ် က ဂရင်းဝုဒ် ကို ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် အင်္ဂလန်အသင်း ကစားသမားစာရင်းတွင် ပြန်လည်ရွေးချယ်ရန် စောင့်ကြည့်နေခြင်းဖြစ်ပါတယ်။ ဂရင်းဝုဒ် အနေနဲ့ လက်ရှိဘောလုံးရာသီတွင် မာဆေးလ်အသင်းနှင့်အတူ ပြိုင်ပွဲစုံ ၁၆ ပွဲကစားပြီးချိန်တွင် ၁၁ ဂိုးသွင်းယူထားပြီး ဂိုးဖန်တီးမှုခြောက်ကြိမ် ပြုလုပ်ထားနိုင်ခဲ့ပါတယ်။(NVS 008)

27 Nov

ADVERTISE HERE .