ဘာစီလိုနာအသင်းနဲ့ သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန်သာ ဆုံးဖြတ်ခဲ့တဲ့ ဂါစီယာ
27 Nov
ဘာစီလိုနာအသင်း ခံစစ်ကစားသမား ဂါစီယာ အနေနဲ့ ပီအက်စ်ဂျီအသင်းရဲ့ ကမ်းလှမ်းမှုကိုပယ်ချပြီး ဘာစီလိုနာအသင်းနဲ့ သက်တမ်းတိုးစာချုပ်သစ် ချုပ်ဆိုပြီး ဆက်လက်လက်တွဲရန်သာ ဆုံးဖြတ်ခဲ့ကြောင်း Fotmob သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ အသက် ၂၄ နှစ်အရွယ် ဂါစီယာ ဟာ မန်စီးတီးအသင်း အကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်ပြီး မန်စီးတီးအသင်းတွင် ကစားခွင့်မရခဲ့တာကြောင့် ၂၀၂၁ ခုနှစ်မှာ ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။ ဘာစီလိုနာအသင်းတွင်လည်း ကစားသမားဘဝအစပိုင်းက ကစားခွင့်မရခဲ့သော်လည်း ပြီးခဲ့တဲ့ ၂၀၂၃-၂၀၂၄ ဘောလုံးရာသီက ဂျီရိုနာအသင်းတွင် တစ်ရာသီအငှားစာချုပ်ဖြင့် ပြောင်းရွှေ့ကစားခဲ့ရာ ခြေစွမ်းပြသနိုင်ခဲ့လို့ ဘာစီလိုနာအသင်းက အငှားစာချုပ် သက်တမ်းကုန်ဆုံးချိန်တွင် အသင်းထံ ပြန်လည်ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ဂါစီယာ က အသင်းနဲ့ပြန်လည်ပူးပေါင်းပြီးနောက် ခြေစွမ်းကောင်းကိုပြသခဲ့ကာ လက်ရှိနည်းပြ ဟန်ဆီဖလစ် လက်အောက်တွင်လည်း အဓိက ကစားသမားအဖြစ် ပါဝင်ခွင့်ရရှိနေသူဖြစ်ပါတယ်။(NVS 008)