ပီအက်စ်ဂျီကွင်းလယ်ကစားသမား ဂျာအိုနီဗက် ကို စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူရန် လီဗာပူးလ်အသင်းစီစဉ်

27 Nov

လီဗာပူးလ်အသင်းက လိုအပ်ချက်များရှိနေတဲ့ အသင်းကွင်းလယ်ပိုင်းအတွက် ပီအက်စ်ဂျီအသင်းမှ ကွင်းလယ် ကစားသမား ဂျာအိုနီဗက် ကို စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို ၁၅၉ သန်း ထိပေးချေပြီး ခေါ်ယူရန်စီစဉ်နေကြောင်း သိရပါတယ်။ လီဗာပူးလ်အသင်းက ပြီးခဲ့တဲ့နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလမှာ အသင်းကွင်းလယ်ပိုင်းအတွက် လေဗာကူဆင်အသင်းမှ ဖလိုရီယန်ဝက်ဇ် ကို ပြောင်းရွှေ့ကြေး ယူရိုသန်း ၁၃၀ ထိ ပေးချေကာ ခေါ်ယူခဲ့သော်လည်း ဖလိုရီယန်ဝက်ဇ် အနေနဲ့ ခြေစွမ်းပြသနိုင်ခြင်းမရှိဘဲ ရုန်းကန်နေရတာကြောင့် ဂျာအိုနီဗက် ကို ခေါ်ယူရန် စီစဉ်ခဲ့ခြင်း ဖြစ်ပါတယ်။ အသက် ၂၁ နှစ်အရွယ် ဂျာအိုနီဗက် အနေနဲ့ ကွင်းလယ်ကစားသမားတစ်ဦးဖြစ်သော်လည်း ခံစစ်ပိုင်းတွင် ကစားနိုင်သည့်အပြင် တောင်ပံတိုက်စစ်ပိုင်းတွင်လည်း ကစားနိုင်သူဖြစ်လို့ လီဗာပူးလ်အသင်းက ကွင်းလယ်ပိုင်း အတွက် ဂျာအိုနီဗက် ကိုခေါ်ယူရန် ပြင်ဆင်နေခဲ့ခြင်းဖြစ်ပါတယ်။(NVS 008)

27 Nov

ADVERTISE HERE .