ဂျာအိုဂိုမက်ဇ် ကို ယူရိုသန်း ၅ဝ ဖြင့်ခေါ်ယူရန် မန်ယူအသင်းကြိုးပမ်း

27 Nov

မန်ယူအသင်းက ဝုဗ်အသင်း ကွင်းလယ်ကစားသမား ဂျာအိုဂိုမက်ဇ် ကို ပြောင်းရွှေ့ကြေး ယူရို သန်း ၅၀ ဖြင့် ခေါ်ယူရန်ကြိုးပမ်းခဲ့ရာ သဘောတူညီမှုရရန် နီးစပ်နေကြောင်း Goal.com သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ လက်ရှိတွင် ကလပ်အသင်းနှစ်ခုကြား ကနဦးဆွေးနွေးမှု ပြုလုပ်ခဲ့ရာ ကစားသမားအတွက် ပြောင်းရွှေ့ကြေး ကို မန်ယူအသင်းက ယူရို သန်း ၅၀ အထိ ကမ်းလှမ်းထားခဲ့လို့ အကြိုသဘောတူညီမှု ရရှိခဲ့ပြီး ၂၀၂၅ ခုနှစ်မကုန်မီ အပြီးသတ်သဘောတူညီမှု ရယူသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် တန်းဆင်းဇုန်တွင်ရောက်နေတဲ့ အသင်းရဲ့ရလဒ်ဆိုး များကြောင့် ဇန်နဝါရီအပြောင်းအရွှေ့တွင် ထွက်ခွာရန်ဆုံးဖြတ်ထားပြီး ဝုဗ်အသင်းအနေနဲ့ တားဆီးရန်ခက်ခဲနေခြင်း ဖြစ်ပါတယ်။ ဂျာအိုဂိုမက်ဇ် အနေနဲ့ ယခုနှစ်ပြိုင်ပွဲစုံတွင် ပုံစံကောင်းပြသနေခဲ့လို့ နည်းပြ အန်ဆယ်လော့တီ က အောက်တိုဘာလအတွင်း ကစားခဲ့တဲ့ နိုင်ငံတကာပွဲစဉ်များတွင် ဘရာဇီးအသင်းအတွက် ရွေးချယ်ခဲ့ပြီးနောက် ကစားသမားအနေနဲ့ လာမည့်နှစ်ကမ္ဘာ့ဖလားတွင် ပါဝင်ခွင့်ရရန် အသင်းကြီးတစ်သင်းသို့ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်။(NVS 008)

27 Nov

ADVERTISE HERE .