အင်္ဂလိဂ်ချန်ပီယံရှစ် ချန်ပီယံဆုကိုဆွတ်ခူးရန် ကိုဗင်ထရီစီးတီးအသင်း ရေပန်းစား
26 Nov
၂၀၂၅-၂၀၂၆ ဘောလုံးရာသီ အင်္ဂလိပ်ချန်ပီယံရှစ် ချန်ပီယံဆုကိုဆွတ်ခူးရန် နည်းပြ ဖရန့်လမ်းပတ် ကိုင်တွယ် နေသည့် ကိုဗင်ထရီစီးတီးအသင်းက ရေပန်းစားလျက်ရှိကြောင်း သိရပါတယ်။ ကိုဗင်ထရီစီးတီးအသင်းဟာ ယခုနှစ်ဘောလုံးရာသီ အင်္ဂလိပ်ချန်ပီယံရှစ်ပြိုင်ပွဲ ၁၇ ပွဲကစားအပြီးတွင် ရမှတ် ၄၀ ဖြင့် အဆင့်(၁)နေရာတွင် ရပ်တည်ပြီး အဆင့်(၂)နေရာမှ စတုတ်စီးတီးအသင်းကို ၁၀ မှတ်အထိ ဖြတ်ထား နိုင်ခဲ့ပါတယ်။ ကိုဗင်ထရီစီးတီးအသင်းက နည်းပြ ဖရန့်လမ်းပတ် လက်ထက်တွင် ရလဒ်ကောင်းများစွာ ရယူထားနိုင်ခဲ့ပြီး နည်းပြ ဖရန့်လမ်းပတ် က ချန်ပီယံဆုဆွတ်ခူးရန် ရေပန်းစားနေတဲ့အတွက် ပျော်ရွှင်မိကြောင်းနဲ့ ချန်ပီယံဆုကို ဆွတ်ခူးနိုင်အောင် ကြိုးစားသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။(NVS 008)
26 Nov