လီဗာပူးလ်နည်းပြအဖြစ် ရေပန်းစားနေသည့်စာရင်းတွင် နည်းပြဟောင်းကလော့ပ် ပြန်လည်ပါဝင်
26 Nov
လီဗာပူးလ်အသင်းအနေနဲ့ ယခုနှစ်ဘောလုံးရာသီတွင် ရလဒ်များဆိုးရွားနေပြီး အနာဂတ်မရေမရာဖြစ်နေတဲ့ နည်းပြ စလော့ ရဲ့နေရာမှာ နည်းပြသစ်အဖြစ် ရေပန်းစားနေသည့်စာရင်း၌ နည်းပြဟောင်း ကလော့ပ် လည်း ပါဝင်နေကြောင်း Sky Sports သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ လီဗာပူးလ်အသင်းက ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုဖလား ဆွတ်ခူးခဲ့သော်လည်း ယခုနှစ်ဘောလုံးရာသီတွင် ရလဒ်များ စံချိန်တင်ဆိုးရွားနေပြီး နော်တင်ဟမ်အသင်းနှင့် ပွဲစဉ်တွင် သုံးဂိုး၊ ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် လီဗာပူးလ်အသင်း တာဝန်ရှိသူများက နည်းပြအပြောင်းအလဲလုပ်ဆောင်ရန် စတင်ပြင်ဆင်နေခြင်း ဖြစ်ပါတယ်။ လီဗာပူးလ်အသင်းက နည်းပြသစ်အဖြစ်ခန့်အပ်ရန် လက်ရှိတွင် စောင့်ကြည့်မှုများလုပ်ဆောင်နေပြီး နည်းပြသစ်အဖြစ် ရေပန်းစားနေသည့်စာရင်းတွင် နည်းပြဟောင်း ကလော့ပ် နှင့်အတူ အေဗီလာအသင်းနည်းပြ အမ်မရီ၊ ဘုန်းမောက်အသင်းနည်းပြ အီရာ အိုလာ၊ ပဲလေ့စ်အသင်း နည်းပြ အိုလီဗာဂလက်နာတို့ ပါဝင်လာခဲ့ပါတယ်။ နည်းပြ ကလော့ပ် ဟာ လီဗာပူးလ်အသင်းကို အောင်မြင်မှုများစွာ ရယူပေးခဲ့သူဖြစ်ပြီး လက်ရှိတွင် ကလပ်အသင်းလက်မဲ့ဖြစ်နေလို့ နည်းပြသစ်အဖြစ် ရေပန်းစားနေခြင်းဖြစ်ကြောင်း သိရပါတယ်။ (NVS 008)