မန်ယူအသင်း ဥရောပဝင်ခွင့်ရရှိရေး အာရုံစိုက်သင့်ကြောင်း မေဆင်မောင့် ပြော

26 Nov

မန်ယူအသင်း ကွင်းလယ်ကစားသမား မေဆင်မောင့် က မန်ယူအသင်းအနေနဲ့ ဥရောပဝင်ခွင့်ရရှိရေးကို အာရုံစိုက်သင့်ကြောင်း ပြောကြားခဲ့ပါတယ်။ မန်ယူအသင်းဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ အဆင့် ၁၅ နေရာသာ ရရှိခဲ့ခြင်းကြောင့် ၂၀၁၄-၂၀၁၅ ရာသီနောက်ပိုင်း ပထမအကြိမ်အဖြစ် ဥရောပဝင်ခွင့်နဲ့ လွဲချော်ခဲ့ရပြီး လက်ရှိရာသီမှာလည်း ပရီးမီးယားလိဂ်ပွဲစဉ် ၁၂ ပွဲ ကစားပြီးချိန်တွင် အဆင့် ၁၀ နေရာသို့ ရောက်ရှိနေပါတယ်။ အင်္ဂလန်ကွင်းလယ် ကစားသမား မေဆင်မောင့် က ဥရောပဝင်ခွင့်ပြန်လည်ရရှိရေးကို ရည်မှန်း ချက်ထားသင့်ကြောင်း ပြောကြားခဲ့ပါတယ်။ အသက် ၂၆ နှစ်အရွယ် မေဆင်မောင့် ဟာ ၂၀၂၃ နွေရာသီတွင် ချဲလ်ဆီးအသင်းမှ မန်ယူအသင်းသို့ ပြောင်းရွှေ့ကစားခဲ့သူဖြစ်ပြီး အသင်းတွင် ပုံမှန်ခြေစွမ်းပြနိုင်ခြင်း မရှိတဲ့အတွက် ဝေဖန်မှုများဖြင့် ရင်ဆိုင်နေရတာလည်း ဖြစ်ပါတယ်။(NVS 008)

26 Nov

ADVERTISE HERE .