ကျောက်မျက်ရတနာပြပွဲ နဝမနေ့တွင် ကျောက်စိမ်းအတွဲပေါင်း ၇၁၇ တွဲ ရောင်းချနိုင်ခဲ့
26 Nov
၂၀၂၅ ခုနှစ်၊ အကြိမ်(၆၀)မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နဝမနေ့အဖြစ် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပခဲ့ပြီး အုပ်စု(စီ)မှ ကျောက်စိမ်းအတွဲပေါင်း ၇၅၀ ကို ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ရာ ကျောက်စိမ်းအတွဲပေါင်း ၇၁၇ တွဲ ရောင်းချနိုင်ခဲ့ကြောင်း သိရပါတယ်။ ပြပွဲဒသမနေ့တွင် ရောင်းချမည့် အုပ်စု(စီ)မှ ကျောက်စိမ်းအတွဲအမှတ် ၄၄၀၁ မှ ၅၀၅၈ အထိကို ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များက ကြည့်ရှုစစ်ဆေးကြပြီး ဈေးနှုန်းပေးသွင်းလွှာများကို သက်ဆိုင်ရာတင်ဒါပုံများအတွင်း ထည့်သွင်းခဲ့ကြပါတယ်။ အဆိုပါ ကျောက်မျက်ရတနာပြပွဲကို နိုဝင်ဘာလ ၁၇ ရက်မှ ၂၆ ရက်အထိ ကျင်းပနေခြင်းဖြစ်ပြီး ပြပွဲအတွင်း ပုလဲအတွဲပေါင်း ၄၄၃ တွဲ၊ ကျောက်မျက်အတွဲပေါင်း ၆၇ တွဲ အုပ်စု(အေနှင့်ဘီ)တို့မှ ကျောက်စိမ်းအတွဲပေါင်း ၂,၁၁၀ တွဲနှင့် အုပ်စု(စီ)မှ ကျောက်စိမ်းအတွဲပေါင်း ၁,၄၁၂ ကို ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များအား ရောင်းချ ပေးနိုင်ခဲ့ကြောင်း သိရပါတယ်။(NVS 004)