၂၀၂၅-၂၀၂၆ ပညာသင်နှစ် အဆင့်မြင့်ပညာအဆင့် လူရည်ချွန်များကို ရွေးချယ်သွားမည်
26 Nov
၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အဆင့်မြင့်ပညာအဆင့်လူရည်ချွန်များကို ရွေးချယ်သွားမည်ဖြစ်ကြောင်း နိုဝင်ဘာလ ၂၄ ရက်မှာကျင်းပတဲ့ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အဆင့်မြင့်ပညာအဆင့် လူရည်ချွန်ရွေးချယ်ရေးဆိုင်ရာ အစည်းအဝေးတွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ဇော်မြင့် က ပြောကြားခဲ့ပါတယ်။ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အဆင့်မြင့်ပညာအဆင့် လူရည်ချွန်ရွေးချယ်ရေးစီမံကိန်းကို စတင်ခဲ့ပြီး နိုင်ငံတော် အတွက် အားထားရမည့် တက္ကသိုလ်ကျောင်းသား/ကျောင်းသူများကို ဗလငါးတန်နှင့်ပြည့်စုံသော လူချွန်လူကောင်း များ မွေးထုတ်လေ့ကျင့်ပေးခဲ့ကာ ယခု ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင်လည်း အဆင့်မြင့်ပညာအဆင့် လူရည်ချွန်များ ကို ဆက်လက်ရွေးချယ်သွားမှာဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောခဲ့ပါတယ်။ ဒါ့အပြင် ဆက်စပ်ဝန်ကြီးဌာန ကိုးခုရှိ မွေးမြူရေးနှင့်စိုက်ပျိုးရေးတက္ကသိုလ်(မအူပင်) အပါအဝင် တက္ကသိုလ် ၁၅၈ ခုမှ တစ်ကျောင်းလျှင် ပထမနှစ်ကျောင်းသား/ကျောင်းသူတစ်ဦးစီနှင့် ဒုတိယနှစ်ကျောင်းသား/ကျောင်းသူ တစ်ဦးစီ စုစုပေါင်း ၃၁၅ ဦးကို စိစစ်ရွေးချယ်သွားမှာဖြစ်ကြောင်း သိရပါတယ်။(NVS 004)