တစ်နိုင်ငံလုံး ပြောင်းသီးနှံစိုက်ဧက၏ ၆၅ ရာခိုင်နှုန်းအထိ ရှမ်းပြည်နယ်တွင် အများဆုံးစိုက်ပျိုး
26 Nov
မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းသီးနှံစိုက်ဧက ၁ သန်းခန့်ရှိပြီး ရှမ်းပြည်နယ်တွင် ၆၅ ရာခိုင်နှုန်းအထိ အများဆုံးစိုက်ပျိုးနေကြောင်း မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းမှ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် စိုက်ပျိုးရာသီတွင် ရှမ်းပြည်နယ်၌ ပြောင်းစိုက်ဧက ၃ သိန်းကျော်သာ စိုက်ပျိုးနိုင်ခဲ့ သော်လည်း ယခု ၂၀၂၅ ခုနှစ်တွင် စိုက်ဧကပေါင်း ၆ သိန်းကျော်အထိ တိုးမြှင့်စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရပါတယ်။ ပြောင်းသီးနှံစိုက်ပျိုးမှုမှ ထွက်ရှိမှု၏ ၃၅ ရာခိုင်နှုန်းကို တိရစ္ဆာန်အစာနှင့် ပြည်တွင်းလုပ်ငန်း အမျိုးမျိုးအတွက် အသုံးပြုလျက်ရှိပြီး ပိုလျှံသည့် ၆၅ ရာခိုင်နှုန်းကို ပြည်ပသို့ တင်ပို့ရောင်းချလျက်ရှိပါတယ်။ တင်ပို့ရောင်းချရာတွင် ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်နဲ့ နှစ်စဉ်ဖေဖော်ဝါရီလမှ ဩဂုတ်လအထိ တင်ပို့ခဲ့ပြီး ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့် အိန္ဒိယစတဲ့ နိုင်ငံများကိုလည်း တင်ပို့လျက်ရှိကြောင်း သိရပါတယ်။(NVS 004)