ပါကစ္စတန်လေကြောင်းတိုက်ခိုက်မှု အာဖဂန် ၁၀ ဦးသေဆုံးဟု အာဖဂန်တာဝန်ရှိသူပြော

26 Nov

ပါကစ္စတန်လေတပ်က အာဖဂန်နစ္စတန်အရှေ့ပိုင်းဒေသကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ အာဖဂန် ၁၀ ဦး သေဆုံးခဲ့ပြီး လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဖဂန်အစိုးရ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဇဘီဟူလာမူဂျာဟစ် က နိုဝင်ဘာလ ၂၅ ရက်က ပြောကြားခဲ့သည်။ ပါကစ္စတန်လေတပ်က နိုဝင်ဘာလ ၂၄ ရက် ညသန်းခေါင်တွင် ကို့စ်ပြည်နယ် ဂါဘက်ဇ်ဒေသကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သောကြောင့် ယောက်ျားလေး ငါးဦး၊ မိန်းကလေး လေးဦး အပါအဝင် ကလေး ကိုးဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်ဟု မူဂျာဟစ် က လူမှုမီဒီယာတွင် ပြောကြားခဲ့သည်။ ပါကစ္စတန်လေတပ်သည် နိုဝင်ဘာလ ၂၃ ရက်တွင် ကူနာနှင့် ပါက်ခ်တီကာပြည်နယ်များကို လေကြောင်း တိုက်ခိုက်မှုများပြုလုပ်ခဲ့ရာ အရပ်သားလေးဦးဒဏ်ရာရရှိခဲ့သည်ဟု ၎င်းကပြောကြားသည်။ သို့သော် အဆိုပါ ပြောကြားချက်များနှင့်ပတ်သက်ပြီး ပါကစ္စတန်ဘက်မှ မည်သည့်ထုတ်ပြန်ကြေညာချက်မျှ မထုတ်ပြန်သေး ကြောင်းသိရသည်။ ယခင်ကာလများတွင် ပါကစ္စတန်က တာလီဘန်များကို ထောက်ပံ့ခဲ့သည်။ သို့သော်လည်း နယ်စပ်ဒေသ များတွင် အစွန်းရောက်အကြမ်းဖက်များကို နှိမ်နင်းမှုနှင့်ပတ်သက်ပြီး နှစ်ဖက်အဖွဲ့များကြား သဘောထားကွဲလွဲ ခဲ့ကြသည်။ ယခုအချိန်၌ ၎င်းတို့၏ဆက်ဆံရေးသည် လက်နက်ကိုင်ပဋိပက္ခများ အပြန်အလှန်ဖြစ်ပွားပြီး အဆိုးဆုံး အခြေအနေသို့ ရောက်ရှိလာခဲ့သည်။ အာဖဂန်အစိုးရနှင့် ပါကစ္စတန်တို့သည် အောက်တိုဘာလတွင် အရေးပေါ် ပစ်ခတ်တိုက်ခိုက်မှု သဘောတူညီချက်ကို သဘောတူခဲ့သည်။ သို့သော်လည်း ထာဝရငြိမ်းချမ်းရေး ညှိနှိုင်း ဆွေးနွေးမှုများသည် သဘောတူညီမှုမရဘဲ အဆုံးသတ်ခဲ့သည်။ မကြာသေးမီရက်များတွင် ပါကစ္စတန်နှင့် အာဖဂန် တပ်ဖွဲ့များသည် နယ်စပ်ဒေသတစ်လျှောက် တိုက်ပွဲများဖြစ်ပွားခဲ့သည်ဟု ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။

26 Nov

ADVERTISE HERE .