လက်ဘနွန်၌ အပစ်ရပ်ပြီးနောက် အစ္စရေး၏တိုက်ခိုက်မှုကြောင့် လူ ၁၂၇ ဦးသေဆုံး

26 Nov

အစ္စရေးနှင့် လက်ဘနွန်နိုင်ငံတို့ကြား အပစ်အခတ်ရပ်စဲပြီးနောက် တစ်နှစ်နီးပါးကာလအတွင်း အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် အနည်းဆုံးပြည်သူ ၁၂၇ ဦးသေဆုံးကြောင်း ကုလသမဂ္ဂက နိုဝင်ဘာလ ၂၅ ရက်တွင် ထုတ်ပြန်ထားသည်။ ထို့ပြင် အဆိုပါဖြစ်စဉ်များနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ရန်နှင့် အပစ် အခတ်ရပ်စဲရေးကို လေးစားလိုက်နာရန်လည်း ကုလသမဂ္ဂကတောင်းဆိုထားသည်။ ကုလသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာရုံးမှ ပြောရေးဆိုခွင့်ရှိသူက အစ္စရေးနဲ့ လက်ဘနွန်တို့ကြား အပစ် အခတ်ရပ်စဲပြီးနောက် တစ်နှစ်နီးပါးကာလအတွင်း အစ္စရေး၏တိုက်ခိုက်မှုများ တိုးမြင့်လာတာကို တွေ့မြင်ခဲ့ရပြီး တိုက်ခိုက်မှုများကြောင့် လက်ဘနွန်ပြည်သူ အများအပြားသေဆုံးကာ အရပ်ဘက်စီမံကိန်းများလည်း ပျက်စီးခဲ့ ရသည်ဟု ပြောကြားခဲ့သည်။ ယခုထုတ်ပြန်သည့် သေဆုံးသူအရေအတွက်သည် သင်္ချာနည်းအရ တွက်ချက်ထား ခြင်းသာ ဖြစ်သောကြောင့် လက်တွေ့မြေပြင်တွင် အစ္စရေး၏တိုက်ခိုက်မှုကြောင့် သေဆုံးသူအရေအတွက်သည် ယခုထက် ပိုမိုများပြားနိုင်ဖွယ်ရှိကြောင်း ပြောရေးဆိုခွင့်ရှိသူက ဆက်လက်ပြောသည်ဟု RTA သတင်းဌာန ဖော်ပြ ချက်အရ သိရသည်။

26 Nov

ADVERTISE HERE .