ပရီးမီးယားလိဂ်ပြိုင်ပွဲကို လာမည့်ဘောလုံးရာသီမှစတင်ပြီး တစ်ပတ်နောက်ကျပြီး ပြောင်းလဲကျင်းပမည်

25 Nov

ပရီးမီးယားလိဂ်အဖွဲ့ချုပ်က ကမ္ဘာ့ဖလားပြိုင်ပွဲကြောင့် လာမည့် ၂၀၂၆-၂၀၂၇ ဘောလုံးရာသီမှစတင်ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲကို ပုံမှန်ကျင်းပသည့်ကာလထက် ရက်သတ္တတစ်ပတ်နောက်ကျပြီး ကျင်းပသွားမှာ ဖြစ်ကြောင်း Sky Sports သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က လာမည့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်းအရေအတွက် တိုးမြှင့်ကာ ၄၈ သင်းနဲ့ကျင်းပမှာဖြစ်ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲမှ ကစားသမားအများစုက ကမ္ဘာ့ဖလားပြိုင်ပွဲသို့ သွားရောက် ကစား ရမှာဖြစ်လို့ ကစားသမားများ နားရက်ပိုမိုရရှိစေရန် ပရီးမီးယားလိဂ်ပြိုင်ပွဲကို ပုံမှန်ကျင်းပသည့်ကာလထက် တစ်ပတ် နောက်ကျပြီး ကျင်းပရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲစဉ်ကို လာမည့် ၂၀၂၆ ခုနှစ် ဇူလိုင် ၁၉ ရက်တွင် ကျင်းပမှာဖြစ်ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲကိုလည်း တစ်ပတ်နောက်ကျ၍ ကျင်းပမှာဖြစ်လို့ ကစားသမား များအနေနဲ့ တစ်လကျော် နားရက်ရရှိမှာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်အဖွဲ့ချုပ်က ပရီးမီးယားလိဂ်ပြိုင်ပွဲကို ပုံမှန်အားဖြင့် ဩဂုတ်လ ဒုတိယပတ်တွင် စတင်ကျင်းပ ခဲ့ပြီး လာမည့်ဘောလုံးရာသီမှစ၍ ကစားသမားများ နားရက်ပိုမိုရရှိစေရန် ဩဂုတ်လတတိယပတ်ဖြစ်သည့် ဩဂုတ်လ ၂၂ ရက် တွင် စတင်ကျင်းပမှာဖြစ်ပြီး ပြိုင်ပွဲကို ၂၀၂၇ ခုနှစ် မေလ ၃၀ ရက်တွင် အဆုံးသတ်မှာ ဖြစ်ကြောင်း သိရပါတယ်။(NVS 008)

25 Nov

ADVERTISE HERE .