Davis Cup တင်းနစ်ပြိုင်ပွဲတွင် အီတလီအသင်း ချန်ပီယံဆုဆွတ်ခူး
25 Nov
အီတလီနိုင်ငံ၊ ဘိုလော့ဂ်နာမြို့တွင် ကျင်းပတဲ့ Davis Cup တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် လက်ရှိချန်ပီယံ အီတလီအသင်းနှင့် ချန်ပီယံဟောင်း စပိန်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ အီတလီအသင်းက အနိုင်ရပြီး ချန်ပီယံဆုကို ဆွတ်ခူးခဲ့ကြောင်း Ubi Tennis သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ အီတလီအသင်းက ချန်ပီယံဆုကို သုံးနှစ်ဆက်ဆွတ်ခူးခဲ့ပြီး သမိုင်းတစ်လျှောက် သုံးနှစ်ဆက်ဆွတ်ခူးနိုင်သည့် အသင်းအဖြစ်လည်း မှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်။ အကောင်းဆုံး အသင်းနှစ်သင်းအတွက် အကြိတ်အနယ်ရှိနိုင် ကြောင်း သုံးသပ်ချက်များထွက်ပေါ် ခဲ့သော် လည်း အီတလီအသင်းက ပြတ်သားစွာ အနိုင်ရခဲ့ခြင်း ဖြစ်ပါတယ်။ အီတလီအသင်းခေါင်းဆောင် ဖိလစ်ပို က Davis Cup တင်းနစ်ပြိုင်ပွဲမှာ ချန်ပီယံဆုကို သုံးနှစ်ဆက်တိုက် ရရှိ ခဲ့တာက အလွန်ဝမ်းသာစရာကောင်းပြီး အသင်းမှာ ဆင်နာနဲ့မူဆက်တီတို့မပါနိုင်ဘဲ အနိုင်ရရှိခဲ့တာကြောင့် အသင်းရဲ့ စွမ်းဆောင်ရည် က ချန်ပီယံဆုနဲ့ထိုက်တန်ကြောင်း ပြောကြားခဲ့ပါတယ်။ (NVS 008)