၂၀၂၁ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပေးဂိုးမရှိ သုံးပွဲဆက်နိုင်ပွဲရရှိသည့် မှတ်တမ်းကိုပိုင်ဆိုင်ခဲ့တဲ့ ချဲလ်ဆီးအသင်း
25 Nov
ချဲလ်ဆီးအသင်းက ၂၀၂၁ ခုနှစ်နောက်ပိုင်း ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ပေးဂိုးမရှိဘဲ သုံးပွဲဆက်နိုင်ပွဲရယူနိုင်တဲ့ စံချိန်မှတ်တမ်းကောင်းတစ်ရပ်ကို ပိုင်ဆိုင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ချဲလ်ဆီးအသင်းက ဘန်လေအသင်းကို နှစ်ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိပြီးနောက် ယခုလို မှတ်တမ်းတစ်ရပ်ကို ပိုင်ဆိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းနည်းပြ မာရက်စကာ က အသင်းအနေနဲ့ ယခုလိုမှတ်တမ်းကောင်းတစ်ရပ်ကို ပိုင်ဆိုင်ခဲ့လို့ အတိုင်းမသိပျော်ရွှင်မိကြောင်းနဲ့ နောက်ထပ်လည်း ယခုလိုမှတ်တမ်းကောင်းတွေအပြင် အသင်းအောင်မြင်မှုများ ရရှိဖို့ ဆက်လက် ကြိုးစားသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ လက်ရှိဘောလုံးရာသီ ပရီးမီးယားလိဂ်ပွဲစဉ် ၁၂ ပွဲ ကစားအပြီးတွင် ရမှတ် ၂၃ မှတ်ဖြင့် အဆင့် (၂) နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ (NVS 008)
25 Nov