လားရှိုးတက္ကသိုလ်ကို ပြန်လည်ဖွင့်လှစ်
25 Nov
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ လားရှိုးတက္ကသိုလ်ကို နိုဝင်ဘာလ ၂၄ ရက်တွင် ပြန်လည် ဖွင့်လှစ်ခဲ့ကြောင်း သိရပါတယ်။ လားရှိုးတက္ကသိုလ်ဖွင့်ပွဲအခမ်းအနားကို အဆိုပါတက္ကသိုလ်၌ ပြုလုပ်ရာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် အေးမင်းဦး နှင့် တာဝန်ရှိသူများ၊ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြ ပါတယ်။ တိုင်းမှူးနှင့် တာဝန်ရှိသူများက လားရှိုးတက္ကသိုလ်မုခ်ဦးကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး လားရှိုးတက္ကသိုလ် ဆိုင်းဘုတ်အား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြပါတယ်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ကျောင်းသား/ကျောင်းသူများ၏ စာပေသင်ကြားနေမှုများကို လှည့်လည်ကြည့်ရှုပြီး ကျောင်းသား၊ ကျောင်းသူ များကို အားပေးစကားပြောကြားခဲ့ကာ စာသင်ဆောင်များပြုပြင်နေမှုများကို လှည့်လည်ကြည့်ရှုပြီး လိုအပ်သည် များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရပါတယ်။(NVS 004)