ရန်ကုန်တိုင်းဒေသကြီးတွင် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများ ထပ်မံခွင့်ပြုပေး

25 Nov

တိုင်းဒေသကြီး ဒေသဆိုင်ရာကော်မတီ၏ (၃/၂၀၂၅)ကြိမ်မြောက် အစည်းအဝေး၌ အတည်ပြုချက်အရ ရန်ကုန်တိုင်းဒေသကြီးမှာ ဟိုတယ်လုပ်ငန်းများအပါအဝင် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများကို ထပ်မံခွင့်ပြုပေးခဲ့ ကြောင်း သိရပါတယ်။ ထပ်မံခွင့်ပြုပေးခဲ့တဲ့ လုပ်ငန်းများမှာ ဟိုတယ်အဆောက်အဦ တည်ဆောက်ခွင့် ၂ ခု၊ ဟိုတယ်လုပ်ငန်း လိုင်စင် ၃ ခု၊ ဟိုတယ်လုပ်ငန်း လိုင်စင်သက်တမ်းတိုးနှင့် ဝန်ဆောင်မှု ၅၁ ခု၊ တည်းခိုရိပ်သာလုပ်ငန်း လိုင်စင် သက်တမ်းတိုးနှင့် ဝန်ဆောင်မှု ၁၅ ခု၊ တည်းခိုဆောင်လုပ်ငန်း လိုင်စင်အသစ် ၁ ခု၊ သက်တမ်းတိုး ၃ ခု၊ ခရီးလှည့်လည်ရေး လုပ်ငန်းလိုင်စင်အသစ် (ပြည်တွင်း/ပြည်ဝင်) ၄၀ ခု၊ (ပြည်ပ) ၂၁ ခု၊ ခရီးလှည့်လည်ရေး (ပြည်တွင်း/ပြည်ဝင်) သက်တမ်းတိုး ၁၈၂ ခု၊ (ပြည်ပ) ၄၆ ခု၊ ဧည့်လမ်းညွှန်လုပ်ငန်းလိုင်စင် သက်တမ်းတိုး ၁၅၄ ခု၊ ပြည်တွင်းဘုရားဖူးနှင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းအသစ် ၁၁ ခု၊ သက်တမ်းတိုး ၄ ခု တို့ကို နိုဝင်ဘာလ ၂၁ ရက်က အသီးသီးအတည်ပြုပေးခဲ့တာဖြစ်ပါတယ်။ အဆိုပါ လုပ်ငန်းလိုင်စင် ခွင့်ပြုပေးခဲ့သည့် ဟိုတယ်နှင့်တည်းခိုရိပ်သာများမှ ဟိုတယ်လုပ်ငန်းကဏ္ဍ ရင်းနှီး မြှုပ်နှံမှုပမာဏငွေကျပ် ၉,၈၇၈ ဒသမ ၉၅၀ သန်းနှင့် လုပ်သားအင်အား ၂၂၃ ဦးအတွက် အလုပ်အကိုင် အခွင့် အလမ်းများ ဖန်တီးပေးထားနိုင်ခဲ့ကြောင်း သိရပါတယ်။(NVS 004)

25 Nov

ADVERTISE HERE .