ထားဝယ်-မြိတ် ကမ်းရိုးတန်းသွား အမြန်ရေယာဉ်ခရီးစဉ်များ ပြန်လည်ပြေးဆွဲ

25 Nov

ထီးခီးနှင့် မောတောင်နယ်စပ် ကုန်သွယ်ရေးစခန်းများ ဖွင့်လှစ်ပြီးနောက်ပိုင်း ခရီးသွားပြည်သူများ လိုက်ပါစီးနင်းမှု နည်းပါးသွားခြင်းကြောင့် ရပ်နားထားခဲ့သည့် ထားဝယ်-မြိတ်ကမ်းရိုးတန်းသွား အမြန်ရေယာဉ် ခရီးစဉ်များကို (၁၀)နှစ်ကြာတွင် ပြန်လည်ပြေးဆွဲနေပြီ ဖြစ်ကြောင်းသိရပါတယ်။ အဆိုပါအမြန်ယာဉ်ပြေးဆွဲမှုကို နိုဝင်ဘာလ ၂၂ ရက်မှစ၍ ပြန်လည်ပြေးဆွဲခြင်းဖြစ်ပြီး ခရီးသည် တစ်ဦးလျှင် ငွေကျပ် နှစ်သိန်းခွဲခန့်ကျသင့်မှာဖြစ်ပြီး ရှပ်ပြေးအမြန်ရေယာဉ်တွင် ခရီးသည်ဦးရေ ၂၀၀ ခန့် လိုက်ပါစီးနင်းနိုင်မှာဖြစ်ပါတယ်။ အမြန်ရေယာဉ်လက်မှတ်များကို ထားဝယ်မြို့ မြို့တွင်းလမ်း၊ အမှတ်(၇၆) AK (Aung Khaing) စင်းလုံးငှား ယာဉ်ငယ်အသင်းတွင် ဝယ်ယူနိုင်မှာဖြစ်ပြီး မြိတ်မြို့ရှိ ကမ်းနားလမ်း၊ ဆိပ်ငယ်ရပ်ကွက် ဆိပ်ငယ်ဗောတံတား အနီးရှိ MOE (Myeik) ခရီးသွားလုပ်ငန်းတွင်လည်း ဝယ်ယူနိုင်ကြောင်း သိရပါတယ်။ (NVS 004)

25 Nov

ADVERTISE HERE .