“နော်တင်ဟမ်ကို ရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြ စလော့ ကိုထုတ်ပယ်ရန် လီဗာပူးလ်အသင်း ပြင်ဆင်”
24 Nov
လီဗာပူးလ်အသင်းက နော်တင်ဟမ်အသင်းကို ဧည့်ခံကစားခဲ့တဲ့ အိမ်ကွင်းပွဲစဉ်တွင် သုံးဂိုး၊ ဂိုးမရှိဖြင့် ရှုံးနိမ့် ခဲ့ပြီးနောက် နည်းပြ စလော့ ကို ရာထူးမှထုတ်ပယ်ရန် ပြင်ဆင်နေကြောင်း Fotmob သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ အဆိုပါပွဲစဉ်တွင် နည်းပြ စလော့ ရဲ့ နည်းစနစ်ပိုင်းအားနည်းချက်များရှိခဲ့တာကြောင့် နော်တင်ဟမ်အသင်းရဲ့ တိုက်စစ်ကို ထိန်းချုပ်နိုင်ခြင်းမရှိဘဲ ပွဲကစားချိန် ၃၃ မိနစ်တွင် ဦးဆောင်ဂိုးခွင့်ပြုခဲ့ရပြီး ပထမပိုင်းတွင် တစ်ဂိုး၊ ဂိုးမရှိ ဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။ ဒုတိယပိုင်းတွင်လည်း ပွဲအစ ၄၆ မိနစ်တွင် နော်တင်ဟမ်အသင်းရဲ့ ဒုတိယမြောက်ဦးဆောင်ဂိုးကို ထပ်မံသွင်းယူခံရပြီးနောက် ချေပဂိုးရရှိရေးအတွက် နည်းပြ စလော့ က တိုက်စစ်ပိုင်းကို အပြောင်းအလဲပြုလုပ် ခဲ့သော်လည်း နော်တင်ဟမ်အသင်းကသာ ထိရောက်တဲ့ ဂိုးပေါက်ခြိမ်းခြောက်မှုများ ပြုလုပ်နိုင်ခဲ့တာကြောင့် ပွဲကစားချိန် ၇၈ မိနစ်တွင် ဂစ်ဝှိုက် က တတိယဦးဆောင်ဂိုး သွင်းယူခဲ့ကာ လီဗာပူးလ်အသင်းက သုံးဂိုး၊ ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ ဒါ့ကြောင့် လီဗာပူးလ်အသင်းက နော်တင်ဟမ်အသင်းနဲ့ကစားခဲ့တဲ့ နောက်ဆုံးနှစ်ကြိမ်လုံး ရှုံးပွဲနိမ့်ခဲ့ပြီး အမှတ်ပေးပြိုင်ပွဲ ၁၂ ပွဲတွင် ၁၈ မှတ်သာရခဲ့လို့ နည်းပြ စလော့ ကိုထုတ်ပယ်ရန် အသင်းတာဝန်ရှိသူများက စီစဉ်နေကြောင်း သိရပါတယ်။ (NVS-008)