“ဘိုင်ယန်မြူးနစ်အသင်းသမိုင်းတွင် ၁၀ နှစ်အတွင်း တစ်ပွဲတည်းဂိုးဖန်တီးမှု သုံးကြိမ်နှင့် သွင်းဂိုးနှစ်ဂိုး သွင်းယူ နိုင်သည့် ကစားသမားအဖြစ် အိုလီဆီ မှတ်တမ်းဝင်”
24 Nov
ဘိုင်ယန်မြူးနစ်အသင်းသမိုင်းတွင် ၁၀ နှစ်အတွင်း တစ်ပွဲတည်းဂိုးဖန်တီးမှု သုံးကြိမ်နှင့် သွင်းဂိုးနှစ်ဂိုး သွင်းယူ နိုင်သည့် ပထမဆုံးကစားသမားအဖြစ် အိုလီဆီ က မှတ်တမ်းဝင်ခဲ့ကြောင်း Fotmob သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ ဂျာမန်ဘွန်ဒက်လီဂါပွဲစဉ်အဖြစ် ကစားခဲ့သည့် ဘိုင်ယန်မြူးနစ်အသင်းက အိမ်ကွင်း၌ ဖရိုင်းဘတ်အသင်းကို ခြောက်ဂိုးနှစ်ဂိုးဖြင့် အနိုင်ရသည့်ပွဲစဉ်တွင် အိုလီဆီ က အသင်းနှင့်အတူ အကောင်းဆုံးခြေစွမ်းပြသခဲ့ကာ အသင်းဖော်များဖြစ်တဲ့ လန်နက်ကာရယ်၊ အူပါမီကာနို နဲ့ ဂျက်ဆင်တို့ရဲ့ သွင်းဂိုးများကို ဂိုးဖန်တီးမှုပြုလုပ်ပေးခဲ့ပြီး ပွဲချိန် ၄၅ မိနစ်နှင့် ၈၄ မိနစ်တို့တွင်လည်း ကိုယ်တိုင် နှစ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ အိုလီဆီ ဟာ ၂၀၂၄ ခုနှစ် နွေရာသီကစားသမား အပြောင်းအရွှေ့ကာလမှာ ပဲလေ့စ်အသင်းမှ ဘိုင်ယန်မြူးနစ် အသင်းသို့ ပြောင်းရွှေ့ကစားခဲ့သူဖြစ်ပြီး အသင်းနှင့်အတူ ပထမဆုံးဘောလုံးရာသီတွင် ခြေစွမ်းပြကစားနိုင်ခဲ့ကာ ပြိုင်ပွဲစုံ ပွဲပေါင်း ၅၀ တွင် ၁၇ ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု ၁၈ ကြိမ်ထိ ပြုလုပ်နိုင်ခဲ့ပါတယ်။ အိုလီဆီ အနေနဲ့ လက်ရှိဘောလုံးရာသီတွင်လည်း အသင်းနှင့်အတူ အကောင်းဆုံးခြေစွမ်းပြသနေပြီး ပြိုင်ပွဲစုံ ၂၃ ပွဲတွင် ၁၀ ဂိုးသွင်းယူခဲ့ကာ ဂိုးဖန်တီးမှုခုနစ်ကြိမ်ထိ ပြုလုပ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ (NVS-008)