“ဆော်ဒီကလပ်အသင်းများက ကော်တင်ဟို ကို ခေါ်ယူရန်စိတ်ဝင်စား”

24 Nov

ဆော်ဒီကလပ်အသင်းများက ဘရာဇီးလ်ကလပ် ဗာစကိုဒဂါးမားအသင်းတွင် ခြေစွမ်းပြနေသည့် တိုက်စစ် ကစားသမား ကော်တင်ဟို ကိုခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရပါတယ်။ လီဗာပူးလ်အသင်းတွင် ငါးနှစ်ကြာကစားခဲ့သလို ဘာစီလိုနာ၊ အင်တာမီလန် နဲ့ ဘိုင်ယန်မြူးနစ် စသည့် ဥရောပထိပ်တန်းအသင်း တို့တွင် ကစားခဲ့ဖူးသည့် ကော်တင်ဟို အနေနဲ့ ယခုနှစ်နွေရာသီတွင် အက်စတွန်ဗီလာ အသင်းနဲ့ စာချုပ်ဖျက်သိမ်းကာ ငယ်ဘဝအသင်းဟောင်း ဗာစကိုဒဂါးမားအသင်းသို့ ပြန်လည်ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်ပါတယ်။ အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ ကော်တင်ဟို အနေနဲ့ လက်ရှိဘောလုံးရာသီတွင် ဗာစကိုဒဂါးမားအသင်းအတွက် ၄၁ ပွဲကစားပြီး ၁၁ ဂိုးသွင်းယူကာ ခြေစွမ်းပြနေသလို ပြောင်းရွှေ့ကြေးအနေဖြင့်လည်း ပေါင် နှစ်သန်းနှင့် သုံးသန်း ကြားသာ အသုံးပြုရမှာဖြစ်ပါတယ်။ ဆော်ဒီကလပ်များမှ မြင့်မားတဲ့လစာနှုန်းထား ပေးချေမှာဖြစ်လို့ ကော်တင်ဟို ရဲ့ အပြောင်းအရွှေ့က ဖြစ်မြောက်လာနိုင်ကြောင်း သုံးသပ်မှုများရှိနေပါတယ်။ (NVS-008)

24 Nov

ADVERTISE HERE .